ပေးဆပ်ခြင်းနဲ့ ရယူပိုင်ဆိုင်လိုခြင်း ကိုသင်တို့ ဘယ်လိုခံယူထားကြပါလဲ။
ကျွန်တော်ကတော့ငယ်ငယ်က ရယူခြင်းကိုပဲ ကြိုက်နှစ်သက်ခဲ့တာပါ။
ငယ်ငယ်က အိမ်ကိုအမျိုးတွေလာရင် ကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့ ၀မ်းကွဲ မောင်နှမတွေကို
ပြန်ရင်မုန့် ဖိုးတွေပေးတတ်ကြတယ်လေ။ ကျွန်တော်တော့ တခါမှ အမျိုးတွေဆီက မုန့် ဖိုး မရခဲ့ဖူးဘူး။
ဒါကိုငယ်ငယ်က တော်တော် မကျေနပ်ဖြစ်ခဲ့မိတာ။
၉တန်းနှစ် လောက်ကျတော့ အကိုလိုလဲခင်နေတဲ့ ဂိုက်ဆရာလဲ ဖြစ်တဲ့အကို ကြီးကိုပြောပြမိတယ်လေ။ ကျွန်တော်ကျတော့ တခါမှမရဖူးဘူးပေါ့။ မတရားလိုက်တာပေါ့လေ။
ဒါနဲ့ သူကပြန်ပြောပြတဲ့အကြောင်းအရာလေးကြောင့် ကျွန်တော်လဲ အယူတွေပြောင်းခဲ့ရပါတယ်။ တကယ်လဲလေးနက်လို့ ကျွန်တော်ဘ၀တလျောက်လုံးလဲ ကျင့်သုံးခဲ့ပါတယ်။
သူပြောခဲ့တဲ့စကားလေးကို ရင်ထဲစွဲသွားအောင်ကိုမှတ်ခဲ့မိတာပါ။
ဘာတဲ့လဲဆိုတော့ ဟေ့ကောင်ရ ဘယ်တော့မှသူများ ဆီကလိုချင်ပါ၏ ရလိုပါ၏လို့ မတောင်းရဘူးတဲ့ ပေးရပါလို၏ သာဆုတောင်းတဲ့။ ဘာလို့ လဲဆိုတော့ မင်းမှာရှိမှ ပိုမှသူများကိုလဲမျှဝေနိုင်မှာတဲ့ ကိုကလိုချင်တယ်ဆိုတာ ကို့ မှာမရှိလို့ တဲ့လေ။ အဓိပါယ်လဲ တော်တော်လေး ကိုကောင်းတာပါ။
အဲ့ချိန်က စပြီး ကျွန်တော်လဲ ပေးရပါလို၏ လို့ ပဲဆုတောင်းမိတော့တယ်။ တကယ်လဲပေးချင်စိတ်တွေ ပေါ်ခဲ့မိပါတယ်။ လူဆိုတာစိတ်ထားတတ်ဖို့ ပဲလိုတာပါ။ လိုချင်တဲ့စိတ် ဟာလောဘပါ။ ပေးလှူချင်တဲ့စိတ်ကတော့ ဒါနပေါ့။ တနည်းအားဖြင့် လောဘကိုလျော့စေတာပါ။ လောဘဆိုတာ အားလုံးလဲသိပြီးတဲ့အတိုင်း ပူလောင်လှပါတယ်။ ရလိုတဲ့စိတ်များလေလေ ပူလောင်လေပါ။ ငါ့မှာမရှိပါလား ဆိုတာထက် ငါမှာရှိတဲ့ထဲက ဘာပေးရင်ကောင်းမလဲစဉ်းစား ကြည့်လိုက်တာနဲ့  ခံစားရတာခြင်းမတူတော့ပါဘူး။ အရမ်းကိုအေးချမ်းတာလေ။ ခံစားဖူးရင်သိကြမှာပါ။ ဒါကြောင့်သူငယ်ချင်းတို့ ကိုတိုက်တွန်းချင်တာက ဆုတောင်းမမှားမိဖို့ ပါ။ ရင်ထဲက အမောတွေလဲပြေစေချင်တာပါ။ စိတ်ထားတာမှန်ခဲ့ ရင်လောကကြီးကပျော်စရာပါနော်။
စိတ်ထားမြင့်တဲ့သူများဖြစ်စေချင်ကြောင်းပါ။ ။
(ChOcOlAtE)
Friday, 17 April 2009
ဒါဟာအချစ်ပါ
မင်းကိုချစ်တဲ့ငါ့ရဲ့ အချစ်က
ဖြူစင်တယ် နက်ရှိုင်းတယ် မြဲမြံတယ်၊
အဲဒီအချစ်တွေ မင်းရဲ့ နှလုံးသားဆီအမြဲစီးဆင်းနေမယ်
ဒါကိုငါခံစားလို့ ရတယ်၊
ရိုးစင်းပြီးပရိယာယ်မပါတဲ့အချစ်သီချင်းတစ်ပုဒ်
အနုပညာမမြောက်ပေမဲ့ မင်းအတွက်ဆိုပြချင်လို့ ပါ၊
ဘယ်လောက်ချစ်တယ်ဆိုတာပြောမပြတတ်ဘူး
ဒါပေမဲ့တစ်နေ့ နေ့ တော့မင်းသိပါစေ၊
ရင်နဲ့ အပြည့်ရှိနေတဲ့ချစ်စိတ်တွေကပဲ
ငါ့ကိုရှင်သန်နေစေခဲ့တာ၊
နေမင်းကနေရောင်ခြည်ကိုပေးတယ်
ပန်းတွေကနှစ်စဉ်ဖူးပွင့်ကြတယ်ဆိုတာသဘာဝတရားပါ၊
ဒါကြောင့်ငါကလဲ လူတွေမြင်နိုင် သိနိုင် ခံစားနိုင်တဲ့နည်းနဲ့ 
အကြောင်းပြချက်မရှိချစ်နေဦးမယ်၊
သို့ ပေမဲ့လည်း.......နောက်ဆုံးတစ်ခုပြောချင်သေးတာက
ငါဒီလောက်ချစ်နေတာ မင်းသတိမပြုမိမှာစိုးရိမ်တယ်ကွာ။
ChOcOlAtE
ဖြူစင်တယ် နက်ရှိုင်းတယ် မြဲမြံတယ်၊
အဲဒီအချစ်တွေ မင်းရဲ့ နှလုံးသားဆီအမြဲစီးဆင်းနေမယ်
ဒါကိုငါခံစားလို့ ရတယ်၊
ရိုးစင်းပြီးပရိယာယ်မပါတဲ့အချစ်သီချင်းတစ်ပုဒ်
အနုပညာမမြောက်ပေမဲ့ မင်းအတွက်ဆိုပြချင်လို့ ပါ၊
ဘယ်လောက်ချစ်တယ်ဆိုတာပြောမပြတတ်ဘူး
ဒါပေမဲ့တစ်နေ့ နေ့ တော့မင်းသိပါစေ၊
ရင်နဲ့ အပြည့်ရှိနေတဲ့ချစ်စိတ်တွေကပဲ
ငါ့ကိုရှင်သန်နေစေခဲ့တာ၊
နေမင်းကနေရောင်ခြည်ကိုပေးတယ်
ပန်းတွေကနှစ်စဉ်ဖူးပွင့်ကြတယ်ဆိုတာသဘာဝတရားပါ၊
ဒါကြောင့်ငါကလဲ လူတွေမြင်နိုင် သိနိုင် ခံစားနိုင်တဲ့နည်းနဲ့ 
အကြောင်းပြချက်မရှိချစ်နေဦးမယ်၊
သို့ ပေမဲ့လည်း.......နောက်ဆုံးတစ်ခုပြောချင်သေးတာက
ငါဒီလောက်ချစ်နေတာ မင်းသတိမပြုမိမှာစိုးရိမ်တယ်ကွာ။
ChOcOlAtE
ငါ့နတ်သမီး

နင်မျက်တောင်လေးတစ်ချက်ခတ်လိုက်ရုံနဲ့  ငါ့ရဲ့ ကမ္ဘာကြီးပြောင်းလဲသွားခဲ့တယ်
ငါငြင်းမရတာတာတစ်ခုတော့ရှိရဲ့ 
နင်ကငါ့ရဲ့ ခံစားချက်ဝိဥာဉ်ကိုအဆိုးဆုံးအနေထားကနေအကောင်းဆုံးအနေထားဖြစ်စေခဲ့တယ်ဆိုတာပါ
ဒါကြောင့်နင့်ကိုငါ တန်ဖိုးထားရပါတယ် ငါ့ရဲ့ နတ်သမီးလေးရေ။
နင်ကသာငါ့အတွက်ဘာလုပ်ပေးခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်ကိုမသိတာ
ငါ့ကိုစိတ်ခွန်အားတွေပြည့်ဝလာအောင်နင်လုပ်ပေးခဲ့တာလေ
နင်ကတကယ်တော့မိုးကောင်းကင်ကကျလာတဲ့နတ်သမီးလေးလိုပါပဲ
ငါ့ကိုအချစ်ရေစင်တွေဖြန်းပက်ပေးခဲ့တာလေ။
နင်သာငါ့အနားမှာရှိရင်ငါမျက်ရည်တစ်စက်တောင်ကျဖြစ်မှာမဟုတ်ပါဘူး
နင့်လက်ကလေးကိုင့ါပခုံးပေါ်တင်လိုက်ရုံနဲ့ တင်လောကကြီးကိုမကြောက်တော့ပါဘူး
ကျေနပ်စွာအသက်ရှင်နေနိုင်အောင်နင်ကငါ့ကိုအသက်ပြန်သွင်းပေးခဲ့တာလေ
နင့်အပြုံးတစ်ချက်တွေ့ မြင်လိုက်တိုင်း ငါ့ဘ၀ကအရောင်ပိုတောက်ခဲ့တာပါ။
နင်ငါ့ကိုမှော်ပညာနဲ့ များပြုစားထားသလားကွယ်
ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ယုံကြည်ချက်တွေကိုတောင်ပြန်ယူဆောင်လာပေးလို့ လေ
အခုတော့ငါ့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ
နင့်အချစ်တွေရကတည်းကပေါ့။
ငါရှာဖွေနေတဲ့အရာကိုလဲတွေ့ ခဲ့ပါပြီ
အဲဒါကနင်လေ ပြီးတော့နင့်အချစ် ဒါ့အပြင်တော့ငါဘာမှမလိုအပ်တော့ပါဘူး
ဘာကြောင့်လဲဆိုတော့နင့်အချစ်တွေက ရောင့်ရဲတင်းတိမ်မှုကိုဖြစ်စေတယ်လေ
ဘ၀မှာတစ်ခါမှမရခဲ့ဘူးတဲ့အချစ်ပါ။
ဒီအကြောင်းတွေကိုတစ်နေကုန်ထိုင်ပြောချင်ပါတယ်
ဒါပေမဲ့ပြောလို့ ကုန်မှာမဟုတ်ဘူး
ဒီတော့တစ်ခုပဲပြောချင်ပါတယ် နင်မြင်နေရတာထက်နင့်ကိုငါပိုချစ်ပါတယ်
နင်မျက်လုံးနဲ့ ကြည့်တာထက် နှလုံးသားနဲ့ ကြည့်တာကပိုမြင်ရပါလိမ့်မယ်။
( ChOcOlAtE )
Thursday, 9 April 2009
ရင်ခွင်မြို

မင်းအပြုံးလေးကငါ့မြို့ လေးရဲ့ နေရောင်ခြည်ပါ
အမှောင်ဖုံးတာကြာနေတဲ့ ငါ့မြို့ လေးကိုလင်းစေခဲ့လို့ ....။
မဆီမဆိုင်နဲ့  ကမ္ဘာဦးခေတ်က လူတွေ နေကိုကိုးကွယ်တာကိုတောင် ထောက်ခံမိနေတယ်
အမှောင်ခံမြို့ လေးက ခြောက်ခြားစရာအတိနဲ့ လေ
မင်းမျက်လုံးလေးတွေကတော့ ငါ့မြို့ လေးရဲ့ကြယ်လေးတွေပေါ့
သူတို့ တွေကြောင့်ငါ မြို့ လေးရဲ့အမှောင်ယံကောင်းကင်ကို သာယာစေခဲ့လို့ ....။
မင်းမျက်နှာလေးကတော့ငါ့မြို့  ရဲ့လမင်းလေးပါ
အမှောင်ကျကောင်းကင်ကို လင်းလက်စေခဲ့လို့ ....။
မင်းရီသံလေးတွေက ငါ့မြို့ ရဲ့စမ်းချောင်းလေးတွေပေါ့
စမ်းချောင်းလေးကြောင့် ငါ့မြို့ လေးအေးချမ်းစေခဲ့လို့ ....။
မင်းစကားတိုင်းဟာ ငါ့မြို့ လေးရဲ့ဦးတည်ချက်လေးတွေပေါ့
ဒီဦးတည်ချက်လေးတွေကြောင့် ငါ့မြို့ လေးယုံကြည်မှုတွေရှိခဲ့လို့ ....။
မင်းစိတ်ကောက်တာက ငါ့မြို့ လေးရဲ့မီးလင်းဖိုလေးပေါ့
အေးခဲနေတဲ့ငါ့မြို့ လေးကို အရည်ပျော်စေခဲ့လို့ ....။
မင်းအသံလေးက ငါ့မြို့ လေးရဲ့လေပြည်တွေပေါ့
ဒီလေပြေလေးတွေကြောင့် ငါ့မြို့ လေးလတ်ဆတ်စေခဲ့လို့ ....။
မင်းသာဒီမြို့ လေးထဲမှာလာနေမယ်ဆိုရင် သစ္စာရှိကိုယ်ရံတော်လုပ်ချင်ပါတယ်။
အလည်လာတာဆိုရင်လဲ ငါမြို့ လေးကပျော်နေမှာပါ။
ကြိုဆိုပါတယ်ကောင်မလေးရေ ဆိုတဲ့ဆိုင်းဘုတ်အောက်မှာစောင့်နေမယ်နော်။
(ChOcOlAtE)
အင်္ဂါမစုံတဲ့ကောင်းကင်
ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့် ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့ 
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။
လူစုံအောင်စောင့်တတ်တဲ့ မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
် ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။
မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို ဘယ်လိုမှမကုနိုင်ပါဘူး ...။
မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။
အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ .......
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
(ကဗျာဆရာနာမည်မသိပါ။ကောင်းလွန်းလို့ မျှဝေလိုက်တာပါခင်ဗျား။) (ChOcOlAtE)
မေမေ၀ယ်ထားတဲ့ မုန့် ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့ 
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။
လူစုံအောင်စောင့်တတ်တဲ့ မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
် ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။
မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို ဘယ်လိုမှမကုနိုင်ပါဘူး ...။
မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။
အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ .......
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
(ကဗျာဆရာနာမည်မသိပါ။ကောင်းလွန်းလို့ မျှဝေလိုက်တာပါခင်ဗျား။) (ChOcOlAtE)
မီးဆိုတာလောင်တိုင်းမကောင်းသလို ကျေနပ်စွာလက်ခံထားတဲ့မီးတပွင့်လဲရှိပါသေးတယ်

ကောက်ရိုးမီးနဲ့ ဖွဲမီး ကမီးခြင်းသာတူတာပါ တောက်လောင်ပုံခြင်းကျတော့မတူဘူးလေ။
ကောင်ရိုးမိးက အတောက်ကြမ်းသလို ပြီးသွားတော့လဲဟုန်းခနဲလေ။
အဲဖွဲမီးကျမတူဘူးလေ အပြင်ပန်းကကြည့်တော့ ဘာမှထူးခြားမနေသလို နဲ့ အတွင်းပိုင်းကိလှိုက်ပြီးလောက်နေတာပေါ့။
ငြှိမ်းရလဲတော်တော်ခက်တာပါ။
ဒါနဲ့ ကျွန်တော်တို့ ငယ်ဘ၀လေးက ဖြစ်စဉ်လေးကို သွားသတိရလို့ ပါ
ငယ်ငယ်ကညီဝမ်းကွဲလေးနဲ့ လေ။ ဘယ်လောက်တောင်ဆော့လဲဆို ဆေးလိပ်သောက်တန်းဆော့တယ်တဲ့။ ခဲတံချွန်စက်ကထွက်လာတဲ့အမှုန့် တွေကို စက္ကူထဲထည့် လိပ်ပြီးဆေးလိပ်ဆိုပြီး မီးရှို့ သောက်ကြတာလေ။ ဖွာတာပေါ့ဗျာ။ အဲ အဲ့မှာပြသနာကစတော့တာပဲ။
မီးဖွားတွေက အောက်က ထိုင်ခုံပေါ် တင်ထားတဲ့ ဂွမ်းကပ်ပဲပြောရမလား။ အဲ့ပေါ်ကိုကျတော့တာလေ။ အထဲမှာကသိတယ်ဟုတ် လဲတွေ မှို့ တွေလေ ကျကျခြင်းတော့ ကလေးသာပြောတာ သိသား။
မီးလောင်မယ်ပေါ့ လက်နဲ့ ပုတ် ရေနဲ့ နဲနဲဖြန်းပေါ့။
ရေကလဲအများကြီးမလောင်းရဲဘူးလေ ဂွမ်းကပ်ကြီး ဘာလို့ ရေတွေစို လဲမေးရင် အခက်မှလား။
အဲ့ထဲကကို ရွှေဥာဏ်တော်က အဲ့လို စူးရောက်တာလေ။ ဒါနဲ့ ပြီးပြီပေါ့ ညအိပ်လိုက်ကျတာ။
အဲတရေးလဲနိုးရော အိမ်တခုလုံး ဆူဆူညံညံပေါ့။ အိမ်မှာကလဲလူက အများသားလေ။ တိုးတိုး တိုးတိုး ပေါ့။ သိတယ်ဟုတ် ဒါမျိုးတော်တော်များများကြိတ်ငြှိမ်းကြတာလေ။ လုပ်ကြပါအုံးထထ မီးလောင်နေတယ်ပေါ့။ ကျွန်တော်တို့ ကတော့သိလိုက်ပါပြီ။ အနော်တို့ လက်ချက်ဆိုတာလေ။
ကလေးဘ၀ကဆိုတော့ မသိချင်ရောင်ဆောင်ပြန်အိပ် အချိန်တန်တော့လဲပြီးသွားတတ်တာမျိုးလေ။ အပူအပင်ကင်းပါ့နော်။ ဒါနဲ့ မနက်ကျတော့မှသိတာဘယ်ပုံငြိမ်းသွားလဲပေါ့။ ရေနဲ့ လောင်းလဲမငြိမ်း တက်ဖိလဲမငြိမ်း နောက်ဆုံး ရေချိုးကန်ထဲထည့်စိမ်လိုက်ရတယ်လေ။ ဒါမှပဲ သံယောဇဉ်ကပြတ်ဆိုပဲ။ အဲလက်သယ် အမှန်ကိုတော့ မမိလိုက်ဘူး သိလား။
ခြင်တိုင်ဆေးထွန်းလို့ ပေါ့ ဆိုပြီး သတိထားပြီးဝေးဝေးထွန်းလိုက်ကြတယ်လေ။
ဒီအဖြစ်လေးက နောက်နှစ်ပေါင်း ၁၅နှစ်လောက်ကြာမှ ခုတခါပြန်ကြုံရပြန်ပြီလေ ဖွဲမီးလေ။ ဒီလိုပါပြောချင်တာက ရုပ်ဝတ္တုဖွဲမီး ကရေထဲပြစ်ချလိုက် ပြီးသွားပေမဲ့ ရင်ထဲမှာတောက်လာတဲ့ဖွဲမီးကျပြန်တော့ ရေနစ်မရဘူးလေ(ရေထဲပဲခုန်ချရမလို :P)။ သိတယ်ဟုတ် ဖြစ်ဖူးကြမှာပါလေ။
ဆိုလိုခြင်တာက အပြင်မှတောက်လောင်တဲ့ ရုပ်ဝတ္တုဖွဲ မီးတောင်ဒီလောက်ငြှိမ်းတောင်ငြှိမ်းဖို့ ခက်နေတာ။ ရင်ထဲမတငွေ့ ငွေ့ လောင်တဲ့မီးဆိုဘယ်လိုရှိမလဲနော်။ မီးဆိုတဲ့အတိုင်း ပူပါတယ်။ ခံစားရလဲအင်မတန်ခက်တာပါ။ ခက်တာကငြှိမ်း နည်းကလဲမရှိဘူးလေ။ တခါတခါငြိမ်းသွားမှတောင်ကြောက်မိတာပါ။ ဒီနာကျင်မှု့ ကိုကျေနပ်စွာ ခံစားနေတယ်ပေါ့။
တငွေ့ ငွေ့ နဲရောဂါတက်နေတာ။ နောက်မှဟုန်းခနဲဆို အကုန်ပဲလောင်ကျွမ်းသွားမလားမသိဘူးနော်။ လောင်နေတဲ့မီးက ရှာရခက်တလို ငြိမ်းရလဲခက်ပါတယ်ဗျာ။ ငြိမ်းသွားမှာကိုတောင်ကြောက်တာ။ နင့်နေအောင်ကိုလဲခံစားနေရတယ်။ ဒုက္ခကိုမှ တပ်မက်နေကြတာလေ။ နာကျင်နေတာကိုမှမစွန့် လွတ်နိုင်တာ။ နေရာတော့သိတယ်ရင်ဘတ်ထဲကနေကို စလောင်နေတာလေ။
တခါတခါ နင့်ကနဲ့ စစ်ကနဲ့ ၊တခါတခါလဲ အောင့်နေသလို ကျပ်နေသလိုနဲ့ ပေါ့။
ဒီမီးကိုတချို့ ကအချစ်ဆိုပြီးလက်ခံကြတယ်၊ တချို့ ကလဲ ရူးသွပ်ခြင်းလို့ ဆိုတယ်( ကိုယ်ခြင်းမစာသူများထင်မြင်ချက် :P)။
ဘယ်လိုပြောပြောပါ ဒီမီးက လူရယ်ဖြစ်လာရင်လောင်ရစမြဲပါ။ တချို့ ကတခါပဲလောက်လိုက်ဖူးပါတယ်။
တချို့ ကမေ့တေ့တေ့။ တချို့ ကအကြိမ်ကြိမ်အခါခါလောက်ဖူးတယ်လေ။ ဘယ်လောက်ပဲ အကြိမ်များပါစေလေ။ မီးလောင်ပြီဟေ့ဆိုရင် ပူတာချည်းပါပဲ။ ဘယ်လောက်ဒီဂရီလောက်လဲ ဆိုတာလဲတိုင်းမရပါ။
ဒါကြောင့် ဒီလိုမီးလေးတွေများလောင်ပြီ ဆိုခံစားသာနေပေတော့ လက်ပိုက်သာကြည့်နေတော့။ ဘာမှကိုလုပ်မရတာလေ။ ကျွန်တော်လဲ မီးသတ်ဌာနကိုဖုန်းမဆက်ချင်တော့ဘူး။
ကြိတ်လဲမငြှိမ်းတော့ဘူး ကျေနပ်စွာပဲလောင်ပါစေလို့  ခွင့်ပြုထားတယ်။
လောင်လိုက်ပါ မီးရယ်
ကိုယ့်ရင် ကိုယ့်အသဲ
ကိုယ့်ခံစားချက် တွေအားလုံးကိုလောင်မြှိုက်လိုက်ပါ
လောင်စာပါအပြည့်ရှိနေတဲ့
ငါ့ရင်ထဲကစလို့ ပေါ့
နင်ကျေနပ်စွာလောင်ပြီးလို့ ရှိရင်လဲ
အားမနာပါနဲ့  ကိုယ့်ဘ၀ထဲမှာ
မှိုင်းတော့တက်ပြီးကျန်ခဲ့မှာပါ
နှလုံးသား လောင်ခန်းအဖြစ်နဲ့ ပြတိုက်လုပ်သိမ်းထားပါ့မယ်
ဝင်ကြေးမရှိ ငါကိုယ်တိုင်ခဏခဏ၀င်ကြည့်နေမယ့်ပြတိုက်ပေါ့
လောင်စာကုန်လို့ 
လောင်စရာမရှိတော့ရင်သာ
နင်စိတ်မပြတ်သွားပါနဲ့ 
ငါခန္ဒာကိုယ်ကြီးကျန်ပါသေးတယ်
ဒီန္ဒာကလဲမင်းကိုပဲ
တဘ၀လုံးလောင်ဖို့ ပေးရက်ပါတယ်
နောင်သံတရာထိ ဒီမီးကိုခေါ်သွားအုံးမှာပါ
မင်းလိုက်မယ်ဆိုရင်လေ။
ဘယ်လို လဲလောင်မယ့်လောင်
အဆုံးထိသာလောင်လိုက်ပါတော့လား
ငါ့ရင်ကိုကော့ပြီး
ကျေကျေနပ်နပ်ကိုအလောင်ခံလိုက်ချင်ပါရဲ့
(ChOcOlAtE)
သစ်သားရုပ်

ကောင်မလေးရေ
မင်းအမြဲရီနေပါနော်
ပြုံးနေလဲရတယ်
မဲ့တော့မနေပါနဲ့ နော်
တည်လဲမသွားပါနဲ့ 
မင်းပါးပေါ်ကပါးချိုင့်လေး ပျောက်သွားမှာဆိုးလို့ ပါ
အရမ်းချိုလွန်းလို့ 
အရမ်းလှလွန်းလို့ 
ပျောက်သွားမှာဆိုးတာ
မြင်ချင်ပါတယ် တွေ့ ချင်ပါတယ်
မင်းအမြဲပြုံးပျော်နေတာကိုလေ
ပြုံးနေအောင်ကောဘာလုပ်ပေးရမလဲ
ပျော်နေအောင်ကောဘယ်လိုနေပေးရမလဲ
မင်းစကားတိုင်းကငါ့ရဲ့ကြိုးတွေပါ
မင်းဆွဲလိုက်တိုင်းကဖို့ ပါနော်
ငါ့မှာကဖို့ ဇတ်တောင်မရှိတော့ပါဘူး
မင်းဆွဲရာကိုလှမ်းချင်နေတာပါ
ဖြစ်ချင်တော့ငါ့မှာအသက်မှမရှိတာနော်
နှလုံးသားမှမရှိတာနော်
ငါဟာမင်းပေးတဲ့နှလုံးသားနဲ့ အသက်ရှင်နေတာလေ
တကယ်တော့ငါဟာနှလုံးသားအထုတ်ခံထားရတဲ့
သစ်သားရုပ်ပါ
မင်းပြန်ထည့်ပေးတဲ့အသဲနဲ့ 
နလန်ပြန်ထူတာလေ
မင်းသာမရှိတော့ရင်ငါဟာသစ်သားရုပ်ပါ.........။
(ChOcOlAtE)
အချိန်နဲနဲပေးပါ
မင်းကမေးတယ်တကယ်လားတဲ့
ငါရင်ကိုခွဲတို့ ၊ နှလုံးသားကိုဆွဲထုတ်ပြမယ်တို့ ၊
ကြိမ်ပြရမလားတို့  ငါမှမပြောတတ်တာ
ငါစာမဖွဲ့ တတ်ဘူး ၊ မတင်စားတတ်ဘူး ငါရိုးသားခဲ့ပါတယ်
ငါဟာပျော်တတ်တယ်
ငိုတတ်တယ် ၊ ခံစားတတ်တယ် မုန်းတတ်တယ် ၊ ချစ်တတ်တယ်
ငါဟာလူတယောက်ပါ
ငါကကဗျာဆရာလဲမဟုတ်ရပါဘူး
အချစ်ပါရဂူလဲမဟုတ်ရပါဘူး
အဲ့လိုပဲသချာင်္ပညာရှင်လဲမဟုတ်ခဲ့ဘူးလေ
ငါဘယ်လိုသက်သေပြရမလဲ
စကားလုံးနုနုတွေကိုဘယ်လိုပြောရမလဲ
ငါမှမပြောတတ်တာ
ဘာကိုမှလုပ်မယူတတ်ဘူး
ဒါကြောင့်ငါ့ကိုအတယ်လို့ တောင်ပြောကုန်ကြပြီ
ရင်ထဲကစကားတွေကိုငါဘယ်လိုမုသားသုံးရမလဲ
ကျန်တာတွေတော့ငါညာတတ်ချင်ညာတတ်မယ်
ငါ့ကိုငါမညာတတ်ဘူး
လုပ်ယူမှရတာဆိုလဲငါမလိုချင်ပြန်ဘူး
ငါဘယ်တော့မှအတုတွေမသုံးဘူး
ရေမွှေးတောင်အတုဆိုရင်အနံပျယ်လွယ်တာလေ
ဘာလုပ်မှာလဲနော်
မုသားဆိုတာပြောရလွယ်သလောက်ခံရခက်တာငါလဲအသိပါ
ငါကြိုက်တာပဲငါလုပ်ပါရစေလား
ငါမကြိုက်တာမင်းလဲမကြိုက်ဘူးဆိုတာသိနေတာက
ကိုယ်ချင်းစာတာတဲ့လား
အမှန်ပြောရရင်ငါကိုယ်ချင်းမစာတတ်ပါဘူး
မင်းမကြိုက်ဘူးထင်လို့ ငါမလုပ်ခဲ့တာတွေပါ
မင်းမကြိုက်တာဆိုရင်ငါမလုပ်ရဲတာသတ္တိကြောင်တယ်လို
့ပြောချင်ကြသေးလား
မင်းလိုချင်တာဆို ကြယ်ကြီးခြွေပြမယ် တောင်ကြီးဖြိုပြမယ်ဆိုတဲ့ ယုံတမ်းစကားတွေကောမင်းကကြိုက်အုံးမှာတဲ့လား
ဒါတွေကပဝေသနီကလိမ်စဉ်ကြီးတွေပါကွာ
မဖြစ်နိုင်တာတွေပြောမှနီးရမယ်ဆိုလဲပြောနော်
ငါကမ္ဘာလိမ်နည်းများကျမ်းကိုရှာရအုံးမယ်
အချိန်တော့ပေးစေချင်ပါတယ်..............။
(ChOcOlAtE)
ငါရင်ကိုခွဲတို့ ၊ နှလုံးသားကိုဆွဲထုတ်ပြမယ်တို့ ၊
ကြိမ်ပြရမလားတို့  ငါမှမပြောတတ်တာ
ငါစာမဖွဲ့ တတ်ဘူး ၊ မတင်စားတတ်ဘူး ငါရိုးသားခဲ့ပါတယ်
ငါဟာပျော်တတ်တယ်
ငိုတတ်တယ် ၊ ခံစားတတ်တယ် မုန်းတတ်တယ် ၊ ချစ်တတ်တယ်
ငါဟာလူတယောက်ပါ
ငါကကဗျာဆရာလဲမဟုတ်ရပါဘူး
အချစ်ပါရဂူလဲမဟုတ်ရပါဘူး
အဲ့လိုပဲသချာင်္ပညာရှင်လဲမဟုတ်ခဲ့ဘူးလေ
ငါဘယ်လိုသက်သေပြရမလဲ
စကားလုံးနုနုတွေကိုဘယ်လိုပြောရမလဲ
ငါမှမပြောတတ်တာ
ဘာကိုမှလုပ်မယူတတ်ဘူး
ဒါကြောင့်ငါ့ကိုအတယ်လို့ တောင်ပြောကုန်ကြပြီ
ရင်ထဲကစကားတွေကိုငါဘယ်လိုမုသားသုံးရမလဲ
ကျန်တာတွေတော့ငါညာတတ်ချင်ညာတတ်မယ်
ငါ့ကိုငါမညာတတ်ဘူး
လုပ်ယူမှရတာဆိုလဲငါမလိုချင်ပြန်ဘူး
ငါဘယ်တော့မှအတုတွေမသုံးဘူး
ရေမွှေးတောင်အတုဆိုရင်အနံပျယ်လွယ်တာလေ
ဘာလုပ်မှာလဲနော်
မုသားဆိုတာပြောရလွယ်သလောက်ခံရခက်တာငါလဲအသိပါ
ငါကြိုက်တာပဲငါလုပ်ပါရစေလား
ငါမကြိုက်တာမင်းလဲမကြိုက်ဘူးဆိုတာသိနေတာက
ကိုယ်ချင်းစာတာတဲ့လား
အမှန်ပြောရရင်ငါကိုယ်ချင်းမစာတတ်ပါဘူး
မင်းမကြိုက်ဘူးထင်လို့ ငါမလုပ်ခဲ့တာတွေပါ
မင်းမကြိုက်တာဆိုရင်ငါမလုပ်ရဲတာသတ္တိကြောင်တယ်လို
့ပြောချင်ကြသေးလား
မင်းလိုချင်တာဆို ကြယ်ကြီးခြွေပြမယ် တောင်ကြီးဖြိုပြမယ်ဆိုတဲ့ ယုံတမ်းစကားတွေကောမင်းကကြိုက်အုံးမှာတဲ့လား
ဒါတွေကပဝေသနီကလိမ်စဉ်ကြီးတွေပါကွာ
မဖြစ်နိုင်တာတွေပြောမှနီးရမယ်ဆိုလဲပြောနော်
ငါကမ္ဘာလိမ်နည်းများကျမ်းကိုရှာရအုံးမယ်
အချိန်တော့ပေးစေချင်ပါတယ်..............။
(ChOcOlAtE)
ကောင်မလေးရေကယ်ပါအုံး
ကောင်မလေးရေ စကားတွေကို လက်လွတ်စပါယ်မပြောပါနဲ
့ပြောလိုက်တဲ့စကားတိုင်းကို
လိုက်လိုက်ပြီးရူးနေရတာပါ
ုကြာရင်သွက်သွက်ခါရူးသွားလိမ့်မယ်
အဲခါမှဘယ်သူကြောင့်လဲမမေးနဲ့ နော်
အဲ့ကျမှ အရူးတွေကိုစိတ်ရှုပ်တယ်လို့ မပြောလိုက်ပါနဲ့ 
ရူးသွပ်ခြင်းရဲ့မြစ်ဖျားကို
အားမယ်ဆိုရင်လာကြည့်လှည့်ပါအုံး
စမ်းရေလေးကစလို့ ပေါ့ ဘာမဟုတ်တဲ့
အရင်းခံကနေစကြတာပဲလေ
နောက်ဆုံးတော့မြစ်ပြင်ကျယ်ကြီးကနေ
ပင်လယ်သမုဒ္ဒရာတွေထိပေါ့
အဲ့တော့မှ ရေပြင်ကျယ်ကိုကြောက်တယ်မပြောလိုက်ပါနဲ
့ ဘာမဟုတ်တာလေးတွေကနေတွေ့ ကြ
ဘာမဟုတ်တာလေးတွေကနေရင်းနီးကြ
ဘာမဟုတ်တာလေးနဲ့ တင်ကရူးသွပ်ကြတာပါ
မိုးပေါ်ကကျလာတဲ့မိုးစက်လေးတွေဟာတစက်ခြင်းကတော့
သေးမယ်ထင်ရတာပေါ့
ပေါင်းစပ်ခြင်းရဲ့သဘောကိုကောင်မလေးသိစေချင်တာပါ
ဘာမဆိုများလာရင်အားကြီးစမြဲပါ
ဒါကိုလဲကောင်မလေးသိမှာပါ
လှိုင်းတွေထန်လာမှမကြောက်လိုက်ပါနဲ့ 
ဒါတွေဟာမိုးစက်လေးတွေရဲ့အစုအဝေးပါနော်
တကယ်တော့ဒါတွေဟာ
သံတရာလည်နေတာပါ အဖြေမရှိတဲ့ပုစ္ဆာတွေပေါ့လေ
မိုးစက်လေးတွေကနူးညံပြီးသားပါ
နူညံတာတွေကိုလဲကောင်မလေးကစလို့ ပေးခဲ့တာပါပဲလေ
ဒါတွေကိုမေ့နေပြီလား မမှတ်မိတော့တာလား
သူတို့ တွေစုပေါင်းသွားရင်တော့မိုးအဖြစ်နဲ့ လေ
တကယ်က ကိုယ်ရဲ့မြစ်ဟာလဲမင်းပါ ကိုယ့်ရဲပင်လယ်ဟာလဲမင်းပါ
ကိုရသမုဒ္ဒရာဟာလဲမင်းပါ
အရာရာဟာမင်းကြောင့်လို့ များပြောခဲ့ရင်
မင်းအပြုံးချိုချိုလေးတွေနဲ့ ရီနေမှာလား
ကိုရယ်ကြောင်လိုက်တာဆိုတဲ့စကားနဲ့ ပဲပျက်ရယ်ပြုအုံးမှာလား
စဉ်းစားပါရစေ ဆိုတဲ့စကားနောက်မှာ
ကိုဘ၀ကရေနစ်လို့ အသက်တောင်မရှူနိုင်တော့ပါဘူးကောင်မလေးရေ
(ChOcOlAtE)
့ပြောလိုက်တဲ့စကားတိုင်းကို
လိုက်လိုက်ပြီးရူးနေရတာပါ
ုကြာရင်သွက်သွက်ခါရူးသွားလိမ့်မယ်
အဲခါမှဘယ်သူကြောင့်လဲမမေးနဲ့ နော်
အဲ့ကျမှ အရူးတွေကိုစိတ်ရှုပ်တယ်လို့ မပြောလိုက်ပါနဲ့ 
ရူးသွပ်ခြင်းရဲ့မြစ်ဖျားကို
အားမယ်ဆိုရင်လာကြည့်လှည့်ပါအုံး
စမ်းရေလေးကစလို့ ပေါ့ ဘာမဟုတ်တဲ့
အရင်းခံကနေစကြတာပဲလေ
နောက်ဆုံးတော့မြစ်ပြင်ကျယ်ကြီးကနေ
ပင်လယ်သမုဒ္ဒရာတွေထိပေါ့
အဲ့တော့မှ ရေပြင်ကျယ်ကိုကြောက်တယ်မပြောလိုက်ပါနဲ
့ ဘာမဟုတ်တာလေးတွေကနေတွေ့ ကြ
ဘာမဟုတ်တာလေးတွေကနေရင်းနီးကြ
ဘာမဟုတ်တာလေးနဲ့ တင်ကရူးသွပ်ကြတာပါ
မိုးပေါ်ကကျလာတဲ့မိုးစက်လေးတွေဟာတစက်ခြင်းကတော့
သေးမယ်ထင်ရတာပေါ့
ပေါင်းစပ်ခြင်းရဲ့သဘောကိုကောင်မလေးသိစေချင်တာပါ
ဘာမဆိုများလာရင်အားကြီးစမြဲပါ
ဒါကိုလဲကောင်မလေးသိမှာပါ
လှိုင်းတွေထန်လာမှမကြောက်လိုက်ပါနဲ့ 
ဒါတွေဟာမိုးစက်လေးတွေရဲ့အစုအဝေးပါနော်
တကယ်တော့ဒါတွေဟာ
သံတရာလည်နေတာပါ အဖြေမရှိတဲ့ပုစ္ဆာတွေပေါ့လေ
မိုးစက်လေးတွေကနူးညံပြီးသားပါ
နူညံတာတွေကိုလဲကောင်မလေးကစလို့ ပေးခဲ့တာပါပဲလေ
ဒါတွေကိုမေ့နေပြီလား မမှတ်မိတော့တာလား
သူတို့ တွေစုပေါင်းသွားရင်တော့မိုးအဖြစ်နဲ့ လေ
တကယ်က ကိုယ်ရဲ့မြစ်ဟာလဲမင်းပါ ကိုယ့်ရဲပင်လယ်ဟာလဲမင်းပါ
ကိုရသမုဒ္ဒရာဟာလဲမင်းပါ
အရာရာဟာမင်းကြောင့်လို့ များပြောခဲ့ရင်
မင်းအပြုံးချိုချိုလေးတွေနဲ့ ရီနေမှာလား
ကိုရယ်ကြောင်လိုက်တာဆိုတဲ့စကားနဲ့ ပဲပျက်ရယ်ပြုအုံးမှာလား
စဉ်းစားပါရစေ ဆိုတဲ့စကားနောက်မှာ
ကိုဘ၀ကရေနစ်လို့ အသက်တောင်မရှူနိုင်တော့ပါဘူးကောင်မလေးရေ
(ChOcOlAtE)
ကောင်မလေးများgtalk မှာပုံသေးသေးတွေမတင်ပါနဲ့ 
မျက်လုံးပျက်သွားလောက်အောင်ကိုပြူးပြဲပြီးကြည့်နေပါသည်
သေချာမတွေရပါ ပုံကသေးလွန်းလို့ 
ဒါပေမဲ့အားမလျော့ပါ ကြည့်နေတုန်းပါ
အင်း......မြင်ရသလို ထင်ရပေမယ့်တကယ်ကမမြင်ပါ
ဒါပေမဲ့ကြည့်တုန်း
တွေ့ ပြီတွေ့ ပြီ ပြုံးနေသလိုပဲ ဟုတ်လားမသိဘူး
ဘာပဲမြင်မြင် သူ့ ပုံကလှနေတာခက်တယ်
ဒုက္ခ သွားပြီ ဘယ်လိုတွေဖြစ်ကုန်ပြီလဲဟ
ဘာမှကိုမမြင်ရတော့တာ ဘာကြည့်ကြည့်သူ့ ပုံမှုန်ဝါးဝါးပဲမြင်နေတော့တာပဲ
ခက်ပြီ အချိုတွေစားလွန်းလို့ ဆီးချိုဆိပ်တွေတက်နေတာထင်တယ်
ကဲအိပ်ပျော်အောင်အိပ် အိမ်မက်ထဲမှာလဲ ဒီပုံပဲ
အာ ဘယ်လိုတွေဖြစ်နေတာတုန်း
ငါဘာတွေဖြစ်နေတာလဲ အဲငါလဲသိဘူး
မမြင်ရတဲ့ပုံကိုဒီလောက်ထိကြည့်နေရလား
ဘာတွေများပိုတွေ့ မှာမို့ လိုလဲ
ဇနကတိုဇွဲသေခါမှာလျော့ဟဲ့
ကဲကြည့်လိုက်အုံးမယ်
ညကနေ မနက်လင်းတဲ့ထိ....
(ChOcOlAtE)
online နဲ့ ပတ်သက်တာလေးပါ
ကျွန်တော်ထင်တာလေးတခုပြောချင်လို့ ပါ။ သူငယ်ချင်းတို့ မှာ ရည်းစားထားဖူးတဲ့ သူတွေလဲရှိသလို ထားနေဆဲသူတွေလဲရှိမှာပါ။ မထားဖူးရင်လဲ ကျွန်တော်စာလေးကိုခံစားကြည့်လို့ ရမှာပါ။ ပြောချင်တာကဒီလိုပါ။ ကောင်လေးနဲ့ ကောင်မလေး အရင်ဆုံး ကောင်လေးကနေစလိုက်တာ များမယ်နော်။ ကောင်မလေးကနေစလိုက်တာ ရှိတော့ရှိမှာပါ ရှားလိမ့်မယ်ထင်တယ်။ ဘယ်လိုပဲလိုက်ကြပါ ရည်းစားတွေ၊ ချစ်သူတွေဖြစ်သွားကြပြီထားပါတော့။ အတွဲတော်တော်များများ မှာရည်းစားမဖြစ်ခင်သာလေ့လာကြတာ။ အတွဲဖြစ်သွားရင် လေ့လာဖို့ အချိန်သိပ်မရတော့ဘူး။ ဘာလို့ လဲဆိုတော့ အထိအတွေ့ မှာနစ်မျောကြတာများတယ်။ တူတူချိန်းပြီးရင် အစပိုင်းတော့ဟုတ်တော့မလိုနဲ့ နောက်ပိုင်းမှာ အထိအတွေ့ ကိုဦးစားပေးကြတာပါပဲ။ ကောင်လေးကကြိုးစား ကောင်မလေးကငြင်းနဲ့ ပေါ့။ အဲ့တော့လိုအပ်တာတွေ ကိုမလေ့လာဖြစ်တော့ဘူး။ မပြောဖြစ်ကြတော့ဘူး။ ရီးစားနဲ့ ချိန်းတွေတယ် အကြိမ်ရေများတယ်ပေါ့။ ဒါပေမယ့်ကောင်လေးရဲ့အကြောင်း ကောင်မလေးရဲ့အကြောင်း ကိုသိပ်မသိကြတဲ့ သူတွေများလိမ့်မယ်။ တကယ်လို့ ယူပြီးသွားကြမှတာ ဟာသူကဒီလိုပါလားဆိုပြီးသိသွားရင် ဘယ်ကောင်းမလဲနော်။ မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာတတ်တယ်လေ။ ဒါကြောင့် ကြိုပြီးလေ့လာထားသင့်တယ်။ ဒီနေရာမှာပြောချင်တာ။ online မှာချစ်သူတွေဖြစ်ကြရင် တယောက်ကိုတယောက်မတွေ့ ဖူးပေမယ့် လေ့လာဖို့ အချိန်တွေအများကြီးရတယ်ဆိုတာပဲ။ ပိုပြီးလဲရင်ခုန်ဖို့ ကောင်းပါတယ်။ မတွေ့ ဖူးတော့ သူလေးကဘယ်လိုများ ပါလိမ့် ဆိုပြီးရင်ခုန်ရတယ်။ နောက်ပြီးမလိုလားအပ်တဲ့ထိတွေ့ မှုတွေ သိပ်မရှိဘူးလေ။ မိန်းကလေးတွေအတွက်တော့ အလွန်ကောင်းပေါ့။ ကောင်လေးတွေကတော့ ဘယ်ကောင်းမလဲနော်(ဟဲ ဟဲ)။ ကိုယ်ချစ်တဲ့သူကို လက်တွဲဖို့ ဖြစ်နိုင်မဖြစ်နိုင် စကားတွေအများကြီးပြောပြီးလေ့လာ လို့ ရတယ်။ စကားဆိုတာလိမ်လို့ ရတာ အားလုံးသိမှာပါ။ ဒါပေမဲ့ စကားဆိုတာပြောပါများရင် ဇာတိကတော့ပြတတ်ကြတာပဲလေ။ ဒါကိုအတွေ့ အကြုံနဲ့ ကောင်းကောင်းလေ့လာလို့ ရပါတယ်။ သူကစကားနိုင်လုလိုက်ကိုကစကားနိုင်လု လိုက်နဲ့ တကယ်ပျော်စရာပါ။ ချစ်သူရဲ့အရည်အသွေး ကိုကောင်းကောင်းလေ့လာလို့ ရတယ်။ သူကဘယ်လိုလူလဲ ဘာတွေကြိုက်လဲ။ ဘယ်လိုတွေပြောတတ်လဲ။ ဘယ်လိုအတွေးအခေါ်တွေရှိလဲ ဆိုတာကိုစကားကနေသိနိုင်ပါတယ်။ မိသားစုအကြောင်းတွေပြောကြမယ်။ အကြိုက်ခြင်းတွေဖလှယ်ကြမယ်။ အမြင်ခြင်းတွေညှိကြမယ်။ အချိန်တွေဟာကုန်မှန်းမသိကို ကုန်တော့တာ။ စကြနောက်ကြပေါ့။ တခါတခါရန်လဲဖြစ်ကြနဲ့ ။ ဒီလူတယောက်ကို့ အပေါ်မှာ ဘယ်လောက် သီးခံနိုင်လဲ။ ဘယ်လောက်အနစ်နာခံနိုင်လဲ။ ဘယ်ထိရစ်တာခံနိုင်လဲပေါ့ဗျာ။ အဲ့လိုတွေလေ့လာလို့ရတယ်။အပြင်မှာကောလေ့လာလို့ မရဘူးလို့ မပြောဘူးနော်။ တခြားကိစ္စလေးတွေနဲ့ အချိန်ကုန်တတ်ကြလို့ ပြောတာ။ online မှာလောက်စကားမပြောဖြစ်ဘူးဆိုတာတော့ သေချာပါတယ်။ တချို့ ကလဲအပြင်မှာလေ့လာ ရတာပိုကြိုက်ကြပါလိမ့်မယ်။ အနော်လဲအရင်ကအပြင်မှာပဲလေ့လာတာ(ဟီး ဟီး)။ ဆိုလိုတာက online ဆိုတာ အသုံးချတတ်ရင် တကယ်ကိုအသုံးဝင်ပါတယ်။ လူတွေကပွင့် လင်းကြတယ်။ အပြင်မှာထက်ကို ခင်မင်ရတာကို အံသြလောက်အောင်ကြုံရမယ်။ သူငယ်ချင်းတွေ ဆိုလဲ တကယ်ကိုပွင့်ပွင့်လင်းလင်းကို စကားတွေပြောကြတာလေ။ အပြင်မှာတယောက်နဲ့ တယောက် ရှိမ်နေကြတာနဲ့  စကားတွေပြောဖြစ်ကြမှာမဟုတ်ဘူးလေ။ ဒီမှာတော့မဟုတ်ဘူး သူငယ်ချင်းတွေလဲသူငယ်ချင်းတွေလို ချစ်သူတွေကလဲချစ်သူတွေအလျောက် တကယ်ကိုပွင့်ပွင့်လင်းလင်းပြောဖြစ်ကြတာ။ တကယ်တော့ online ဆိုတာ ဆက်သွယ်ရေးကွန်ယက် တခုပါ။ လူတွေအတွက် အရမ်းကိုအဆင်ပြေစေတဲ့ ဆက်သွယ်ရေးတခုပေါ့။ နှုတ်တရာစာတလုံးတဲ့။ စာရိုက်ပြောရတာ တကယ်ကိုလေးနက်ပါတယ်။ နောက်ပြီးပြောခဲ့တဲ့စကားတွေကိုမေ့စရာအကြောင်းမရှိဘူး မေ့ရင်ပြန်ဖတ်လို့ ရတယ်လေ။ ပြောပြီးခဲ့တဲ့စကားတွေကို ပြန်ကြည့်ရင် အော်အဲ့တုန်းက ငါမှားသွားပဲ။ သူကအဲ့လိုမပြောသင့်ဘူးဆိုပြီး။ နားလည်မှုတွေပိုတောင် ခိုင်မြဲပါသေးတယ်။ ပြောချင်တာလေးတွေကိုသူငယ်ချင်းတို့ သဘောပေါက်မယ်ထင်တာပဲ။ online ကိုကောင်းတယ်မကောင်းဘူး မဝေဖန်ချင်ပါဘူး။ လိုရင်လိုသလိုတော့ အကျိုးရှိအောင်အသုံးပြုလို့ ရတယ် ဆိုတာပြောချင်တာပါ။ သူငယ်ချင်းတို့ လဲစစ်မှန်တဲ့ စေတနာတွေ မေတ္တာတွေရကြပါစေနော် :D (ChOcOlAtE)
ကြိုက်တာလေးတွေရအောင်ဘယ်လိုလုပ်ရပါ့
လူတွေကဘာကိုပဲကြိုက်ကြိုက်ပေါ့။ မကြိုင်ခင်တော့မသိဘူးနော် အဲ..ကြိုက်များကြိုက်မိပြီဆိုရင်ပေါ့၊ အရူးကိုများအမဲသားကြွေးမိတယ်လို့ ဆိုရမလားမသိ။ သဲသဲနဲ့ မဲမဲဆိုသလိုကို ကြိုက်တတ်ကြတာလေ။ အစွဲအလန်းကြီးတယ်ပဲပြောမလား၊ ရမက်ကြီးတယ်လို့ ပဲပြောမလား၊ အတ္တကြီးတယ်ပဲဆိုဆိုပါ ခုံမင်ကြတာကတော့သဘာဝပဲနော်။ အဲလိုပါပြောချင်တာက ဘာကိုပဲကြိုက်မိကြိုက်မိ ပေါ့အနီးရောက်အောင်တော့ကြိုးစားရမှာက ကိုယ့်တာဝန် ဖြစ်သွားပြီလေနော်။ အဲမရောက်နိုင်ပါဘူးလေဆိုပြီး ရောက်လာမလားထိုင်နေရင်တော့ သွားပေါ့ဒီဘ၀ ဟဟ။ သူဟာသူခြေထောက်ပေါက်ပြီး ရောက်လာတာဆိုလို့ မိဘရဲ့မေတ္တာပဲရှိတယ် သယ်ရင်းတို့ ရဲ့။ ကျန်တာများတော့ မမျော်လင့်နေနဲ ။အလကားဘာမှ ကိုမရတာ။အမြတ်လိုချင်ရင် အရင်းဆိုတာရှိကြစမြဲလေ။ ဒါတောင်မသေချာဘူးနော် ရှုံးချင်ရှုံးသွားနိုင်သေးတယ်။ အဲတော့လုံလလေးတွေကစလို့ ပေါ့ ဇွဲတွေလဲမလျော့ကြပါနဲ့  ဒါဆိုပန်းတိုင်ကဝေးသွားဖို့ ဆိုတာထက် နီးလာဖို့ ပဲရှိတာပါ။ ဘယ်လောက်ပဲမြန်မြန်ပါ အတိုင်းအတာတခုထိတော့ စောင့်ရစမြဲပါနော်။ ဥပမာ အရင်ကလမ်းလျောက် မြင်းစီးသွားခဲ့ရတဲ့လမ်းတွေဟာခုဆို ကားလေးစီးလို့  မိနစ်ပိုင်းပဲကြာတော့တာလေ။ဘာလောက်ပဲမြန်မြန်လေ စောင့်တော့စောင့်ရတာပဲမှလား။ အဲ့လိုပေါ့လိုချင်တာလေးတွေကို စောင့်စားသီးခံခြင်း နဲ့ ဇွဲကအောင်မြင်မှုတွေဆီကိုအရောက်ပို့ မှာပါ။ဒါတွေကို တော့မမေ့ဖို့ လိုတယ် သယ်ရင်းတို့ ။ လိုချင်တဲ့စိတ်တာကကယ်ရှိခဲ့မယ်ဆိုရင်လေ မရဘူးဆိုတာက အလကားစကားတွေပါ။ တနေ့ နဲ့ တချိန်ပေါ့။ရကို ရမှာ။ယုံလိုက်ပါသယ်ရင်းတို .... (ChOcOlAtE)
ပြီးဆုံးခြင်းရဲ.

အချိန်တွေကိုနောက်ပြန်ဆွဲလို့ ရရင်ဆွဲလိုက်ချင်ရဲ့ 
ပျော်စရာချိန်တွေဟာကုန်မြန်လိုက်တာ
ဆုံးရှုံးမှုတွေအတွက်ငါပြန်ရလိုက်တာနောင်တတွေပါလား
တချိန်ကတော့ဒါတွေဟာငါ့ရဲ့ သာမန်ရပိုင်မှုတွေပဲလို့ ရိုးရိုးလေးထင်ခဲ့မိတာ
နောက်ဆုံးတော့လဲပြီးသွားမှာပါလို့ ထင်ခဲ့မိတာတွေဟာ
အချိန်တန်တော့မှဒါဟာခုမှစတာလို့ ငါဝန်ခံနေရပြီ
တနေ့ ကျရင်ဆိုတဲ့မျှော်လင့်ခြင်းတွေတပွေ့ တပိုက်ကြီးနဲ့ ပေါ့
အဲဒီနေ့ တနေ့ ကကောရောက်လာအုံးမှာတဲ့လား
တကယ်တော့ဒါတွေဟာစိတ်ကူးသက်သက်တွေပါ
လူတွေဟာမျှော်လင့်ခြင်းတွေနဲ့ အသက်ဆက်ကြတယ်လို့ ဆိုရင်
ငါဟာသေဆုံးသွားတာကြာခဲ့ပါပြီ အမှောင်တွေကိုရင်ဆိုင်ရင်းအာရုဏ်ဦးကိုတမ်းတနေတဲ့အိပ်ရေးပျက်နေတဲ့လူတယောက်ပေါ့
မနေ့ ကကျန်ခဲ့တဲ့နေမင်းဟာဒီနေ့ ထွက်လာမဲ့နေမင်းမဟုတ်ဘူးလို့ သိလိုက်ချိန်မှာတော့ အရာရာဟာနောက်ကျခဲ့ပြီ
(ChOcOlAtE)
ဗုဒ္ဓဘာသာတယောက် ယုံကြည်လက်ခံရမည့် အချက်များ
လူတဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည်ရမည့် အချက်များကို ယုံကြည်ပါမှ ဗုဒ္ဓဘာသာ တယောက် ဖြစ်နိုင်၏။ ထို့ ကြောင့်ဗုဒ္ဓဘာသာဝင် ဖြစ်လိုသူများအတွက် ယုံကြည်ရမည့် အချက်များမှ လိုရင်းအချက်မျှကို ရွေးနှုတ်ဖော်ပြပါမည်။ ဗုဒ္ဓဘာသာဝင်တယောက်သည် ဘုရား၊တရား၊သံဃာဟူသော ရတနာသုံးပါးကိုယုံကြည်ရန် အရေးကြီးလှ၏ " ဘုရားအစစ်ဟုတ်ရဲ့လား၊ တရား ကကောမှန်ရဲ့လား" စသည်ဖြင့်သံသယမပွားသင့်ပေ။ ရတနာသုံးပါးတွင် ဂုဏ်တော်များအသီးသီးရှိ၏။ ယင်းဂုဏ်တော်တို့ ကို ဆင်ခြင်သိမြင်၍ ရတနာသုံးပါးကို သံသယကင်းစွာ ယုံကြည်ရမည်ဖြစ်သည်။ ထို့ ပြင်ဗုဒ္ဓဘာသာဝင်တယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့ ၏ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန် လောကနှင့် တမလွန်လောကကိုလည်းကောင်း ယုံကြည်ရအုံး မည်ဖြစ်သည်။ ယင်းတို့ ကိုမယုံကြည်ပဲ "ဤဘ၀နှင့် ဤဘ၀ပြုပြု သမျှ ကုသိုလ်အကုသိုလ်များသည် သေလျှင်ပြတ်၏။ နောက်ဘ၀အတွက် အကျိုးဆက်မရှိ" ဟုလက်ခံ ယုံကြည်မှုကို "ကင်းပြတ်ဝါဒ" (ဥစ္ဆေဒဒိဌိ) ဟုခေါ်ပါသည်။ အယူမှားမိစ္ဆာ ဒိဌိတမျိုးပင်ဖြစ်သည်။ ထိုသို့ ရတနာသုံးပါး၊ ကံကံ၏အကျိုး၊ သံသရာလည်တတ်ပုံ တို့ ကိုယုံကြည် လက်ခံမှသာ ဗုဒ္ဓဘာသာဝင် စစ်စစ် တယောက်ဖြစ်နိုင်ပေမည်။ (ဗုဒ္ဓဘာသာကောင်းတယောက်စာအုပ်မှကောက်နှုတ်တင်ပြလိုက်ပါသည်ခင်ဗျား) (ChOcOlAtE)
ကိုးကွယ်ခြင်းဟူသည်
ကိုးကွယ်မှုအဓိပါယ် လူ့ သမိုင်းဆရာတို့ ၏ အဆိုအရ လူသည်ခြေသလုံးအိမ်တိုင်ဘ၀မှ တဖြည်းဖြည်း ချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများ ဖြစ်သည်ဟု သိရ၏။ မည်သိုပင်ဖြစ်စေလူသည် ကြောက်တတ်မှု(fear)၊ ရန်လိုမှု(reward)၊ သဘောတရားများဖြင့် ဖွဲ့ စည်းထားသော သဏ္ဍန်တခုသာဖြစ်ကြောင်း ထင်ရှား၏ လူလောကကြီးတွင်လည်း ကြောက်စရာအမြောက်အမြား ရှိသည့်နည်းတူ ရယူချင်စရာများ နှင့်လည်းပြည့်နှက်လျက် ရှိသည်။ ဒီရေတက်ခြင်း၊ မီးကြီးလောက်ခြင်း၊ လေမုန်တိုင်းကျခြင်း စသောသြကာသလောက၏ ဘေးအန္တရာယ်များ၊ မြွေပွေး၊ သစ်၊ ကျား၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်သက်သူဘေး စသော သတ္တလောက၏ ရန်ပြုမှုများနှင့် နာဖျားမကျန်းမာ၊ အိုနာသေရ ဘေးဒုက္ခများ၏ နှိပ်စက်ကလူ ပြုမှုကို လူသားသည် အလူးအလဲခံနေရသည်သာ ဖြစ်၏။ ဤသို့ သော ဘ၀ဒုက္ခ အန္တရာယ်များ၏ လှုံ့ ဆော်ဖန်တီးမှုကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး၊ ဒုက္ခဆိုးတို့ မှ ကင်ငြိမ်းမှုကို လိုလားလာကြသည်။ ကိုးကွယ်ရာကိုရှာဖွေလာကြသည်။်ဘေးရန် အန္တရာယ်အမျိုးမျိုးကို စိုးရွံ့ ကြောက်လန့် နေကြကုန်သောလူတို့ သည် တောတို့ ကိုလည်းကောင်း၊ တောင်တို့ ကိုလည်းကောင်း၊ အာရာမ်တို့ ကိုလည်းကောင်း၊ အဓိကသစ်ပင် စသော ကိုးကွယ်ရာတို့ ကိုလည်းကောင်း ကိုးကွယ်ကြကုန်၏။ ဟု မြတ်ဗုဒ္ဒကဟေကြားခဲ့၏ ပင်လယ်သမုဒ္ဒရာတို့ တွင် အသက်မွေးမှုပြုကြ သူတို့ သည် သမုဒ္ဒရာစောင့်နတ်များကို ကိုးစားကြသည့်နည်းတူ တောရပ်ဒေသတွင် လုပ်ကိုင်စားသောက်ကြသူတို့  ကလည်း တောတောင်ဥယျာဉ် စသည်တို့ ကို ပူဇော်ကြသည်။ ထို့ ပြင်ကောက်ပင် စိုက်ပျိုး အောင်မြင်လိုမှုအတွက် မိုးနတ်စသည်တို့ ကိုပသ ကြ၏။ သားဆုပန်ရန် တောစိုး သစ်ပင်ကြီးများတွင် ရှိမည်ထင်သော နတ် တို့ ကို တင်မြှောက်ကြသည်။ ဤသည်တို့ မှာ ထိစဉ်ကကမ္ဘာလူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုးကွယ်မှုများဖြစ်သည်။ ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု၏ အဓိပါယ်ဟု ဖော်ပြအပ်သည်။ ကိုးကွယ်ရာနှင့်မကိုးကွယ်ရာ ဗုဒ္ဒမြတ်စွာ ပွင့်ထွန်းတော်မူလာပြီး နောက် မကိုးကွယ်ရာ နှင့် ကိုးကွယ်ရာကို ခွဲခြားဟောကြားခဲ့ပါသည်။ မြတ်ဗုဒ္ဒ မိန့် ခဲသည်မှာ " ဤတောတောင် အာရာမ် အဓိကသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်" ဟူ၍ဖြစ်သည်။ `ဤသို့  ရှင်းလင်းထင်ရှားစွာ ဟောကြားခဲသည့် တရာတော်အရ မကိုးကွယ်ရာကို အတိအကျ သိရှိကြရသည်။ ကိုးကွယ်ရာနှင့်ပတ်သက်၍လည်း မြတ်စွာဘုရားသည် "အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃတော်ကိုလည်းကောင်း ကိုးကွယ် ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် "ဒုက္ခသစ္စာ"၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် "သမုဒယသစ္စာ"၊ ဆင်းရဲလွတ်မြောက်ရာအမှန် "နိယောဓသစ္စာ"၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန် သို့ ရောက်ကြောင်းအမှန် "မဂ္ဂသစ္စာ" ဟူသော အရိယသစ္စာလေးပါး တို့ ကိုမဂ်ပညာ ဖြင့်ကောင်းစွာ မြင်နိုင်၏။ ဟု အကျယ်တ၀င့် ဟောကြားညွှန်ပြတော်မူခဲသည်။ ကိုးကွယ်မှားအပြစ်၊ ကိုးကွယ်မှန်အကျိုး မြတ်စွာဘုရားသည် မြတ်သောကိုးကွယ်ခြင်း မဟုတ်လျှင် မည်သို့ မည်ပုံ အပြစ် ကျရောက်နိုင်ကြောင်း ဟောကြားခဲ့ပါသေးသည်။ု မြတ်ဗုဒ္ဒဟောကြားခဲ့သည်မှာ "ဤတောတောင် အာရာမ် အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည်ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သောကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်" ဟူ၍ဖြစ်ပါသည်။ ထို့ ကြောင့်လူတို့ သည် ကိုးကွယ်မှုမှားလျှင် ဒုက္ခခပ်သိမ်းမကင်းငြိမ်းနိုင်ပဲ သံသရာ ၀ဲသြောဃ အတွင်းတ၀ဲလည်လည် ကျင်လည်ကျက်စားနေရမည် သာဖြစ်ပေသည်။ ကိုးကွယ်မှုမှန်လျှင် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်းကို ဗုဒ္ဒမြတ်စွာသည် ဤသို့ ဟောကြားတော်မူခဲ့ပါသည် "ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သောကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှလွတ်မြောက်၏။" ထို့ ကြောင့်လူတို့ သည် ကိုးကွယ်မှုမှန်လျှင် ဒုက္ခခပ်သိမ်းကင်းငြိမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ များကိုရရှိ နိုင်ယုံမျှမက မဂ်ဖိုလ် နိဗ္ဗာန် သို့ တိုင်မြတ်မှောက်ပြုနိုင် ပါကြောင်းရေးသားဖော်ပြအပ်ပါသည်။ (ဗုဒ္ဒဘာသာကောင်း တစ်ယောက်စာအုပ်မှကူးယူတင်ပြအပ်ပါသည်) (ChOcOlAtE)
ပေးခဲ့ပါ

မင်းရဲ့ မျက်ဝန်းတွေကနူးညံ့နေတယ် မင်းချစ်တဲ့သူအပေါ်နံနက်ခင်းနေခြည်လိုနွေးထွေးမှုတွေပေးဖို့ ပေါ့ မင်းရဲ့ အပြုံးတွေကတောက်ပနေတယ် မင်းချစ်တဲ့သူအတွက်လေပြေလိုလန်းဆန်းမှုတွေပေးဖို့ ပေါ့ မင်းရဲ့စကားတွေကချိုသာလွန်းတယ် မင်းချစ်တဲ့သူအတွက်ရှေ့ ဆက်ဖို့ ခွန်အားတစ်ခုဖြစ်စေတာပေါ့ မင်းရဲ့ အနမ်းတွေကသိမ်မွေ့ လွန်းတယ် မင်းချစ်တဲ့သူရင်ထဲအထိအချစ်တွေစီးဆင်းပျော်ဝင်သွားစေဖို့ ပေါ့ ဒါပေမဲ့ အရာရာအားလုံးကိုယ့်အတွက်မှမဟုတ်တာ အေးစက်စက်မျက်ဝန်းတစ်စုံရယ် မဲ့တဲ့တဲ့အပြုံးယဲ့ယဲ့ရယ် ဆတ်တောက်တောက်စကားသံတွေရယ် အသက်မပါတဲ့အနမ်းတွေရယ် ဒါတွေကသာကိုယ့်အတွက်မူပိုင်တွေပေါ့ ချစ်တဲ့သူရယ် စာနာပါလို့ လဲမပြောချင်ခဲ့ပါဘူး ညှာတာပါလို့ လဲအသနားမခံချင်တော့ပါဘူး မင်းပေးသမျှနဲ့ သာကျေနပ်နေတတ်ခဲ့တဲ့ဘ၀ပါ ချစ်တဲ့သူရေ မင်းသာကျေနပ်မယ်ဆို တခြားရင်ခွင်သွားဖို့ တောင် ကိုယ့်ကိုယ်ကိုတံတားခင်းပေးလိုက်ချင်ပါတယ် မင်းနင်းသွားရက်ရင်နင်းသွားနိုင်အောင်လို့ ပေါ့ မင်းနင်းလို့ ကျေမွသွားတဲ့အသည်းကိုပိုက်ရင်း မင်းနောက်ကျောလေးကိုငေးကြည့်နေခွင့်တော့ နောက်ဆုံးပေးခဲ့ပါချစ်သူ..........
(ChOcOlAtE)
ပုံပြင်မဟုတ်တဲ့ပုံပြင်
ချစ်တဲ့သူရေ
ပုံပြင်လေးတစ်ပုဒ်ကြားဖူးမှာပေါ့
ခေါင်းလေးဝင်ပါရစေ၊ လက်ကလေးဝင်ပါရစေဆိုပြီး
တဖြည်းဖြည်းနဲ့  သူများနေရာကိုအပိုင်သိမ်းသွားတဲ့သစ်ကုလားအုတ်တစ်ကောင်အကြောင်းလေ ကိုယ်ချစ်တဲ့သူသာကိုယ့်ရဲ့ ရင်ခွင်အခန်းကို အဲဒီလိုအပိုင်သိမ်းထားမယ်ဆို
ကိုယ်အသက်ရှူဖို့ နေရာမရှိဘူးလို့ တောင်ညည်းမိမှာမဟုတ်ပါဘူး
ဒါပေမဲ့ချစ်သူကတော့ပုံပြင်လေးနဲ့ ပြောင်းပြန်ပါ
လက်ကလေးထွက်ပါရစေ၊ ခေါင်းကလေးထွက်ပါရစေနဲ့ 
ကိုယ့်ကိုကျောခိုင်းပြီးထွက်သွားလိုက်တာ
နောက်ဆုံးထွက်သွားတဲ့ခြေထောက်နှစ်ချောင်းကတောင်
ကိုယ့်ရင်ကိုစုံကန်ခဲ့ပေါ့
အကန်ခံရတဲ့ကိုယ့်ရင်မှာတော့ဗလာသာကျန်ခဲ့တယ်
မင်းရဲ့ ခြေအစုံမှာကိုယ့်ရဲ့ အသည်းနှလုံးကပ်ပါသွားလို့ လေ။
(ChOcOlAtE)
ပုံပြင်လေးတစ်ပုဒ်ကြားဖူးမှာပေါ့
ခေါင်းလေးဝင်ပါရစေ၊ လက်ကလေးဝင်ပါရစေဆိုပြီး
တဖြည်းဖြည်းနဲ့  သူများနေရာကိုအပိုင်သိမ်းသွားတဲ့သစ်ကုလားအုတ်တစ်ကောင်အကြောင်းလေ ကိုယ်ချစ်တဲ့သူသာကိုယ့်ရဲ့ ရင်ခွင်အခန်းကို အဲဒီလိုအပိုင်သိမ်းထားမယ်ဆို
ကိုယ်အသက်ရှူဖို့ နေရာမရှိဘူးလို့ တောင်ညည်းမိမှာမဟုတ်ပါဘူး
ဒါပေမဲ့ချစ်သူကတော့ပုံပြင်လေးနဲ့ ပြောင်းပြန်ပါ
လက်ကလေးထွက်ပါရစေ၊ ခေါင်းကလေးထွက်ပါရစေနဲ့ 
ကိုယ့်ကိုကျောခိုင်းပြီးထွက်သွားလိုက်တာ
နောက်ဆုံးထွက်သွားတဲ့ခြေထောက်နှစ်ချောင်းကတောင်
ကိုယ့်ရင်ကိုစုံကန်ခဲ့ပေါ့
အကန်ခံရတဲ့ကိုယ့်ရင်မှာတော့ဗလာသာကျန်ခဲ့တယ်
မင်းရဲ့ ခြေအစုံမှာကိုယ့်ရဲ့ အသည်းနှလုံးကပ်ပါသွားလို့ လေ။
(ChOcOlAtE)
နေရာ

မင်းမှာခိုလှုံစရာမရှိတော့ရင်
မင်းသာအားငယ်နေမယ်ဆိုရင်
မင်းသာလောကကြီးရဲ့အဝေးတနေရာကိုပြေးထွက်မယ်ဆိုရင်
ပြေးမယ့်ပြေးငါ့ရင်ခွင်ကိုသာပြေးလာခဲ့ပါ
နင့်တွက်နေရာအမြဲချန်ထားတာ
အဲ့တော့မှနင်သိလိမ့်မယ်လေ
ပြီးမှကျယ်လွန်းတဲ့ရင်ခွင်မှာမပျော်ဘူးလို့ တော့မပြောနဲ့ နော်
ငါ့ရင်ခွင်ဟာမင်းတွက်တော့ကျယ်ခဲ့ရင်တောင်
ပြည့်စုံမှူတွေအပြည့်ထည့်ထားလို့ ကျဉ်းနေမှာပါ
အဲ့ထဲမှာအချစ်တွေနဲ့ အကြင်နာတွေက သုံးပုံ နှစ်ပုံပေါ့
ဒါမှကျဉ်းသေးရင်လဲ ငါ့ရင်ကိုခွဲလို့ ထွက်ချင်ရင်တောင်
ဓါးကမ်းပေးမယ့်လက်ဟာ ငါကိုယ်တိုင်ပါ
(ChOcOlAtE)
လေဟုန်စီးတဲ့စိတ်

လက်ကိုလေထဲမှာဝှေ့ ယမ်းပြီးလေတစ်ဆုပ်ကိုဖမ်းယူလိုက်တယ်
ကိုယ့်လက်ထဲမှာလေတွေဆုပ်ကိုင်နိုင်ပါ့မလား
လက်ဖ၀ါး ကိုဖြန့် ကြည့်တော့ဗလာသာတွေ့ တာပေါ့
လေကဖမ်းယူဆုပ်ကိုင်လို့ မှမရတာကိုး။
ချစ်တယ်ဆိုတာကိုအရင်းပြုပြီးမင်းရဲ့ စိတ်ကိုဖမ်းယူလိုက်တယ်
ကိုယ့်ကိုအမြဲတမ်းချစ်နေနိုင်မလား
မင်းရင်ထဲကိုဝင်ကြည့်တော့ဟင်းလင်းပြင်သာရှိတယ်
စိတ်ဆိုတာထိန်းချုပ်လို့ မှမရတာကိုး။
လက်ဖျစ်တစ်တွက်အတွင်းမှာတောင်စကြာဝဠာအနှံ့ ရောက်သွားနိုင်တဲ့စိတ်ကိုဆုပ်ကိုင်ဖို့ ကြိုးစားမိတဲ့ငါ... မိုက်မဲလွန်းနေမှန်းကိုယ့်ဘာသာသိလာတဲ့အခါ
မင်းရဲ့ စိတ်နောက်ပြေးလိုက်ရလွန်းလို့ ခြေကုန်လက်ပမ်းကျနေပါရော့လား အရှုံးနောက်မှာစိတ်နှလုံးဒုံးဒုံးချလိုက်တယ်
မင်းသွားချင်တဲ့ရင်ခွင်ဆီသာသွားပါတော့ကွယ်
ကိုယ်အရှုံးပေးပါတယ်.....................။
ChOcOlAtE
ChOcOlAtE
ကျတော်.......
တကယ်တော ပေါကြောင်ကြောင်လူသားတယောက်ပေါ့
မနက်ခင်းတိုင်းဆက်စပ်လို့ မရလို့  ဆုတ်ဖြဲပြစ်ခဲ့တာကြာပြီ
ပြန်ကျဲနေတဲ့ရက်စွဲတွေ ဘာကိုဘယ်လိုရှာရမှန်းတောင်မသိတော့ဘူး
ကိုယ့်အပြစ်နဲ့ ကိုဆိုတဲ့စကားကိုမုန်းတယ်။
နောင်တကိုမုန်းတယ်။ သံဝေဂကိုမုန်းတယ်။
သေချာတာငါ့ကိုယ်ငါမုန်းတယ်။
သေချင်စော်ဆိုတဲ့အနံကို ခုမှရဖူးသလိုပဲ
ညှီသိုးနေတဲ့ ဘ၀ကိုပဲပြောတာလား
စုတ်ပြတ်နေတဲ့အတိတ်ကိုပြောတာလား
လေထဲကအနာဂါတ်ကိုပြောတာလား
ဘာမုန်းကိုမသိတော့ဘာမှမတွေးတာကောင်းတယ်
ကြောင်တောင်တောင်နေ့ တွေပဲကောင်းတယ်
ဖြစ်ချင်တာဖြစ်တာကောင်းတယ်
သေသွားရင်ပိုကောင်းတယ်
ငါ့လက်ချောင်းတွေကိုသောက်မြင်ကပ်တယ်
ငါ့ဦးနှောက်ကိုထုတ်ပြစ်ချင်တယ်
မရှိတော့တဲ့အသဲကိုခွဲပြစ်ချင်တယ်
ငါ့ကိုငါမြေမြုတ်ချင်တယ်
အော်...အော်...အော်... ဆိုပြီးဘာတွေသဘောပေါက်မှန်းမသိ
ဘာမှမသိပဲဘာတွေသဘောပေါက်နေတာလဲ
သဘောပေါက်တယ်ဆိုတာကောဘာလဲ
(ChOcOlAtE)
အချစ်ဆိုတာ.....
လူတစ်ယောက်ဟာဘ၀မှာအချစ်နဲ့ ပတ်သက်ပြီး ၄ မျိုး ၄ စားတွေ့ ရတတ်တယ်တဲ့။ ပထမတစ်ယောက်ကသင်ကိုယ်တိုင်ပါ၊ ( လူဟာကိုယ့်ကိုယ်ကိုအချစ်ဆုံးပါပဲ။ ) ဒုတိယကတော့ သင်ကအချစ်ဆုံးသူ၊ ( တစ်နည်းပြောရင်သင့်ကိုချစ်တတ်အောင်သင်ပေးတဲ့သူပါ။ ) တတိယက သင့်ကိုအချစ်ဆုံးသူ၊ ( ချစ်တတ်လာတော့ကိုယ့်ကိုချစ်တဲ့သူတွေကိုလဲမြင်လာတယ်၊ ဒီလိုနဲ့ ကိုယ့်ကိုဘယ်သူအချစ်ဆုံးဆိုတာသိလာတယ်။ ) စတုတ္ထကတော့ သင်တစ်ဘ၀လုံးလက်တွဲသွားတဲ့သူ။ ( နောက်ဆုံးတော့ကိုယ့်အတွက်ဘယ်သူကအလိုအပ်ဆုံးလဲဆိုတာသိလာပြီးဘ၀လက်တွဲဖော် အဖြစ်အသင့်တော်ဆုံးသူကိုရှာကြရော။ ) ဒီ ၄ မျိုးပါ။ စိတ်မကောင်းစရာတစ်ခုကတစ်ချို့ တွေအတွက်ဒီ ၃ ယောက်ဟာထပ်တူမကျကြဘူးလေ။ ( ကိုယ်ကိုယ်တိုင်မပါတော့ဘူးနော် ) ကိုယ်ချစ်တဲ့သူကျတော့ကိုယ့်ကိုမချစ်ဘူး၊ ကိုယ့်ကိုချစ်တဲ့သူကျပြန်တော့ကိုယ်ကမချစ်နိုင်၊ လက်တွဲဖြစ်တဲ့သူကျတော့လဲ သူမချစ်ကိုယ်မချစ်ဖြစ်နေနိုင်တာပဲ။ ချောင်းဆိုးခြင်းနဲ့ အချစ်ကအောင့်အီးလို့ မရဘူးဆိုတဲ့စကားတစ်ခုကြားဖူးပါတယ်၊ ချစ်ရင်လဲဟန်ဆောင်လို့ မရသလို မချစ်တော့ရင်လဲဟန်ဆောင်ဖုံးကွယ်လို့ မရပါဘူး။ ကိုယ့်ကိုမချစ်တော့ပါဘူးဆိုတဲ့လူတစ်ယောက်ကိုဂုဏ်သိက္ခာအတွက်တော့ဖက်တွယ်မထားသင့်တော့ပါဘူး၊ သူ့ ရဲ့ပျော်ရွှင်မှုတွေကိုပိတ်ပင်တားဆီးတာဟာချစ်ရာမရောက်ပါဘူး။ လူတစ်ယောက်ကကိုယ့်ကိုမချစ်တော့ဘူးဆိုရင်အပြစ်တင်နေလို့ လဲမထူးတော့ဘူးလေ။ ကိုယ်ကမမေ့နိုင်သေးဘူးဆိုရင်တောင်မှနှလုံးသားရဲ့ တစ်နေရာမှာထည့်သိမ်းထားလိုက်ရုံကလွဲပြီးဘာမှလုပ်လို့ မရတော့ပါဘူး။ အချစ်ဆိုတာပိုင်ဆိုင်မှုတစ်ခုမဟုတ်ပါဘူး၊ သင်ဟာလမင်းကြီးကိုသဘောကျတယ်ဆိုရင်တောင် မိုးပေါ်ကနေယူချပြီးရေကန်ထဲထည့်ထားလို့ ရတာမှမဟုတ်တာပဲလေ။ လမင်းကြီးကတော့သူ့ နေရာမှာသူရှိနေခဲ့ရင်သင့်ကိုအလင်းရောင်ပေးနေမှာပဲမဟုတ်လား။ လူတစ်ယောက်ကိုချစ်မိပြီဆိုရင် ပိုင်ဆိုင်ချင်တာနဲ့ အမျှအဲဒီလူရဲ့ အကောင်းအဆိုးကိုပြုပြင်နိုင်ဖို့ ကြိုးစားတတ်ကြတယ်၊ လူဆိုတာကိုယ်ကြိုက်သလို ပြုပြင်လို့ လွယ်ကူတာမှမဟုတ်တာ။ ဒါပေမဲ့ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ၊ အချစ်ကတော့အချစ်ပါပဲနော်။ အချစ်စစ်ဆိုတာ လူသားနှစ်ဦးနှစ်ယောက်အတွက်ဘာကတိသစ္စာ၊ ဘာ စာရင်းဇယားမှမပါဘဲအခက်ခဲဆုံးပြသနာတွေကိုအတူလက်တွဲဖြေရှင်းကြတာမျိုးပါ။ လူနှစ်ယောက်ချစ်ကြပြီဆိုတာနဲ့ ကတိတွေသစ္စာတွေကလာတော့တာပဲ။ အဲဒါတစ်ဦးကိုတစ်ဦးမယုံကြည်လို့ ပေါ့၊ မိုးပြိုတဲ့အထိ၊ ပင်လယ်ရေတွေမခန်းသရွေ့ တို့ ဆိုတာညာတာပါပဲ၊ မိုးကလဲမပြိုနိုင်သလို ပင်လယ်ရေကလဲခန်းမှာမှမဟုတ်တာ၊ အဲလိုဖြစ်ခဲ့ရင်တောင် လူတွေကအသက်ရှင်ပါတော့မလားနော်။ မဖြစ်နိုင်တာတွေကတိပေးနေ၊ ကျိန်တွယ်နေမဲ့အစားဖြစ်နိုင်တာကိုလုပ်ပြတာကပိုကောင်းမှာပါ။ ကိုယ်လုပ်တာတစ်ခု၊ ပြောတာတစ်မျိုးဖြစ်နေရင်တော့ အချင်းချင်းယုံကြည်မှုဆိုတာဘယ်မှာရှိနိုင်ပါ့မလဲလေ။ သင်တို့ ရော...... ဘ၀နဲ့ အချစ်ကထပ်တူကျပါရဲ့ လား?
ဘယ်သူ့ ကိုအချစ်ဆုံးလဲ???????
လူတစ်ယောက်ဟာမိန်းကလေးနှစ်ယောက်ကိုတစ်ပြိုင်တည်းချစ်မိနေပြီဆိုပါစို့ ၊
ဘယ်သူ့ ကိုပိုချစ်မှန်းလဲမသိဘူးဖြစ်နေရင်၊ ကိုယ့်ကိုယ်ကိုမေးခွန်းလေးတစ်ခုမေးကြည့်ပါ။
”သင်ပျော်ရွှင်တဲ့အခါဘယ်သူ့ ကိုပျော်ရွှင်မှုတွေဝေမျှချင်ပါသလဲ” စိတ်ကူးထဲပေါ်လာတဲ့တစ်ယောက်ဟာသင်ချစ်တဲ့သူပါ။
နောက်မေးခွန်းတစ်ခုမေးကြည့်ပါဦး၊
”သင်စိတ်ညစ်တဲ့အခါဘယ်သူ့ ကိုရင်ဖွင့်တိုင်ပင်ချင်ပါသလဲ” စိတ်ကူးထဲပေါ်လာတာကသင်ချစ်တဲ့သူပါ။ နှစ်ခါစလုံးမှာ တစ်ယောက်ထဲကိုစိတ်ကူးမိတယ်ဆိုရင်တော့ အဲဒီမိန်းကလေးဟာသင့်အတွက် အသင့်တော်ဆုံးပါပဲ။
အဖြေမတူခဲ့ရင်ရော၊ ဖြေရှင်းစရာနည်းလမ်းရှိပါသေးတယ်၊ ဘ၀မှာပျော်ရွှင်မှုထက်စိတ်ပင်ပန်းဆင်းရဲရတာတွေကပိုများပါတယ်၊ လူတွေထဲမှာသင့်ပျော်ရွှင်မှုကိုဝေမျှခံစားပေးနိုင်မဲ့အရေအတွက်ကပိုများပါလိမ့်မယ်၊ ၀မ်းနည်းကြေကွဲရတာတွေကိုခွဲဝေခံစားချင်တဲ့သူကတော့သိပ်မများလှပါဘူး။ ဒါကြောင့်ဝမ်းနည်းမှုတွေကိုရင်ဖွင့်လိုက်ချင်တဲ့တစ်ယောက်ကိုရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်ကတော့ပျော်ရွှင်မှုတွေကိုဝေမျှချင်ပါရဲ့ ၊ ၀မ်းနည်းကြေကွဲရရင်လဲနှစ်သိမ့်ခံချင်ပါရဲ့ ၊ သူမကတော့စိတ်ပူပန်နေရတဲ့အချိန်မှာမှီခိုဖို့ ရှာဖွေတာကိုယ်မဟုတ်ပြန်ရင်လဲစဉ်းစားစရာပါပဲ။ သူကကိုယ့်ကိုဘ၀ကြင်ဖော်အဖြစ်မရွေးချယ်မှာသေချာသလောက်ရှိနေပါပြီ။ ဒါကြောင့်ကျွန်တော်ကတော့ပျော်စရာဆိုရင်လဲအတူကြည်နူးပြီး သူစိတ်ဆင်းရဲနေရင်လဲ အနားမှာနေပြီးစာနာဖေးမနိုင်ဖို့ ပဲမျှော်လင့်ပါတယ်။ ဒါမှပဲသူမရဲ့ နှလုံးသားမှာအရေးကြီးတဲ့တစ်နေရာရမှာမဟုတ်လား။
သင်ရော ပူဆွေးသောကရောက်နေတဲ့အချိန်မှာဘယ်သူ့ ကိုအရင်တွေးမိပါလိမ့်၊ နှစ်ယောက်ရှိခဲ့ရင်ပေါ့ :D
( မိန်းကလေးများလဲအတူတူပါပဲနော် )
Subscribe to:
Posts (Atom)