
ကောင်မလေးရေ
မင်းအမြဲရီနေပါနော်
ပြုံးနေလဲရတယ်
မဲ့တော့မနေပါနဲ့ နော်
တည်လဲမသွားပါနဲ့ 
မင်းပါးပေါ်ကပါးချိုင့်လေး ပျောက်သွားမှာဆိုးလို့ ပါ
အရမ်းချိုလွန်းလို့ 
အရမ်းလှလွန်းလို့ 
ပျောက်သွားမှာဆိုးတာ
မြင်ချင်ပါတယ် တွေ့ ချင်ပါတယ်
မင်းအမြဲပြုံးပျော်နေတာကိုလေ
ပြုံးနေအောင်ကောဘာလုပ်ပေးရမလဲ
ပျော်နေအောင်ကောဘယ်လိုနေပေးရမလဲ
မင်းစကားတိုင်းကငါ့ရဲ့ကြိုးတွေပါ
မင်းဆွဲလိုက်တိုင်းကဖို့ ပါနော်
ငါ့မှာကဖို့ ဇတ်တောင်မရှိတော့ပါဘူး
မင်းဆွဲရာကိုလှမ်းချင်နေတာပါ
ဖြစ်ချင်တော့ငါ့မှာအသက်မှမရှိတာနော်
နှလုံးသားမှမရှိတာနော်
ငါဟာမင်းပေးတဲ့နှလုံးသားနဲ့ အသက်ရှင်နေတာလေ
တကယ်တော့ငါဟာနှလုံးသားအထုတ်ခံထားရတဲ့
သစ်သားရုပ်ပါ
မင်းပြန်ထည့်ပေးတဲ့အသဲနဲ့ 
နလန်ပြန်ထူတာလေ
မင်းသာမရှိတော့ရင်ငါဟာသစ်သားရုပ်ပါ.........။
(ChOcOlAtE)
No comments:
Post a Comment