သေချာမတွေရပါ ပုံကသေးလွန်းလို့ 
ဒါပေမဲ့အားမလျော့ပါ ကြည့်နေတုန်းပါ
အင်း......မြင်ရသလို ထင်ရပေမယ့်တကယ်ကမမြင်ပါ
ဒါပေမဲ့ကြည့်တုန်း
တွေ့ ပြီတွေ့ ပြီ ပြုံးနေသလိုပဲ ဟုတ်လားမသိဘူး
ဘာပဲမြင်မြင် သူ့ ပုံကလှနေတာခက်တယ်
ဒုက္ခ သွားပြီ ဘယ်လိုတွေဖြစ်ကုန်ပြီလဲဟ
ဘာမှကိုမမြင်ရတော့တာ ဘာကြည့်ကြည့်သူ့ ပုံမှုန်ဝါးဝါးပဲမြင်နေတော့တာပဲ
ခက်ပြီ အချိုတွေစားလွန်းလို့ ဆီးချိုဆိပ်တွေတက်နေတာထင်တယ်
ကဲအိပ်ပျော်အောင်အိပ် အိမ်မက်ထဲမှာလဲ ဒီပုံပဲ
အာ ဘယ်လိုတွေဖြစ်နေတာတုန်း
ငါဘာတွေဖြစ်နေတာလဲ အဲငါလဲသိဘူး
မမြင်ရတဲ့ပုံကိုဒီလောက်ထိကြည့်နေရလား
ဘာတွေများပိုတွေ့ မှာမို့ လိုလဲ
ဇနကတိုဇွဲသေခါမှာလျော့ဟဲ့
ကဲကြည့်လိုက်အုံးမယ်
ညကနေ မနက်လင်းတဲ့ထိ....
(ChOcOlAtE)
No comments:
Post a Comment