Thursday, 9 April 2009

ဘယ်သူ့ ကိုအချစ်ဆုံးလဲ???????

လူတစ်ယောက်ဟာမိန်းကလေးနှစ်ယောက်ကိုတစ်ပြိုင်တည်းချစ်မိနေပြီဆိုပါစို့ ၊
 ဘယ်သူ့ ကိုပိုချစ်မှန်းလဲမသိဘူးဖြစ်နေရင်၊ ကိုယ့်ကိုယ်ကိုမေးခွန်းလေးတစ်ခုမေးကြည့်ပါ။
 ”သင်ပျော်ရွှင်တဲ့အခါဘယ်သူ့ ကိုပျော်ရွှင်မှုတွေဝေမျှချင်ပါသလဲ” စိတ်ကူးထဲပေါ်လာတဲ့တစ်ယောက်ဟာသင်ချစ်တဲ့သူပါ။
 နောက်မေးခွန်းတစ်ခုမေးကြည့်ပါဦး၊
 ”သင်စိတ်ညစ်တဲ့အခါဘယ်သူ့ ကိုရင်ဖွင့်တိုင်ပင်ချင်ပါသလဲ” စိတ်ကူးထဲပေါ်လာတာကသင်ချစ်တဲ့သူပါ။ နှစ်ခါစလုံးမှာ တစ်ယောက်ထဲကိုစိတ်ကူးမိတယ်ဆိုရင်တော့ အဲဒီမိန်းကလေးဟာသင့်အတွက် အသင့်တော်ဆုံးပါပဲ။
 အဖြေမတူခဲ့ရင်ရော၊ ဖြေရှင်းစရာနည်းလမ်းရှိပါသေးတယ်၊ ဘ၀မှာပျော်ရွှင်မှုထက်စိတ်ပင်ပန်းဆင်းရဲရတာတွေကပိုများပါတယ်၊ လူတွေထဲမှာသင့်ပျော်ရွှင်မှုကိုဝေမျှခံစားပေးနိုင်မဲ့အရေအတွက်ကပိုများပါလိမ့်မယ်၊ ၀မ်းနည်းကြေကွဲရတာတွေကိုခွဲဝေခံစားချင်တဲ့သူကတော့သိပ်မများလှပါဘူး။ ဒါကြောင့်ဝမ်းနည်းမှုတွေကိုရင်ဖွင့်လိုက်ချင်တဲ့တစ်ယောက်ကိုရွေးချယ်ဖို့ အကြံပေးချင်ပါတယ်။ ကိုယ်ကတော့ပျော်ရွှင်မှုတွေကိုဝေမျှချင်ပါရဲ့ ၊ ၀မ်းနည်းကြေကွဲရရင်လဲနှစ်သိမ့်ခံချင်ပါရဲ့ ၊ သူမကတော့စိတ်ပူပန်နေရတဲ့အချိန်မှာမှီခိုဖို့ ရှာဖွေတာကိုယ်မဟုတ်ပြန်ရင်လဲစဉ်းစားစရာပါပဲ။ သူကကိုယ့်ကိုဘ၀ကြင်ဖော်အဖြစ်မရွေးချယ်မှာသေချာသလောက်ရှိနေပါပြီ။ ဒါကြောင့်ကျွန်တော်ကတော့ပျော်စရာဆိုရင်လဲအတူကြည်နူးပြီး သူစိတ်ဆင်းရဲနေရင်လဲ အနားမှာနေပြီးစာနာဖေးမနိုင်ဖို့ ပဲမျှော်လင့်ပါတယ်။ ဒါမှပဲသူမရဲ့ နှလုံးသားမှာအရေးကြီးတဲ့တစ်နေရာရမှာမဟုတ်လား။ 
သင်ရော ပူဆွေးသောကရောက်နေတဲ့အချိန်မှာဘယ်သူ့ ကိုအရင်တွေးမိပါလိမ့်၊ နှစ်ယောက်ရှိခဲ့ရင်ပေါ့ :D
 ( မိန်းကလေးများလဲအတူတူပါပဲနော် ) 
 

No comments:

Post a Comment