ပေးဆပ်ခြင်းနဲ့ ရယူပိုင်ဆိုင်လိုခြင်း ကိုသင်တို့ ဘယ်လိုခံယူထားကြပါလဲ။
ကျွန်တော်ကတော့ငယ်ငယ်က ရယူခြင်းကိုပဲ ကြိုက်နှစ်သက်ခဲ့တာပါ။
ငယ်ငယ်က အိမ်ကိုအမျိုးတွေလာရင် ကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့ ၀မ်းကွဲ မောင်နှမတွေကို
ပြန်ရင်မုန့် ဖိုးတွေပေးတတ်ကြတယ်လေ။ ကျွန်တော်တော့ တခါမှ အမျိုးတွေဆီက မုန့် ဖိုး မရခဲ့ဖူးဘူး။
ဒါကိုငယ်ငယ်က တော်တော် မကျေနပ်ဖြစ်ခဲ့မိတာ။
၉တန်းနှစ် လောက်ကျတော့ အကိုလိုလဲခင်နေတဲ့ ဂိုက်ဆရာလဲ ဖြစ်တဲ့အကို ကြီးကိုပြောပြမိတယ်လေ။ ကျွန်တော်ကျတော့ တခါမှမရဖူးဘူးပေါ့။ မတရားလိုက်တာပေါ့လေ။
ဒါနဲ့ သူကပြန်ပြောပြတဲ့အကြောင်းအရာလေးကြောင့် ကျွန်တော်လဲ အယူတွေပြောင်းခဲ့ရပါတယ်။ တကယ်လဲလေးနက်လို့ ကျွန်တော်ဘ၀တလျောက်လုံးလဲ ကျင့်သုံးခဲ့ပါတယ်။
သူပြောခဲ့တဲ့စကားလေးကို ရင်ထဲစွဲသွားအောင်ကိုမှတ်ခဲ့မိတာပါ။
ဘာတဲ့လဲဆိုတော့ ဟေ့ကောင်ရ ဘယ်တော့မှသူများ ဆီကလိုချင်ပါ၏ ရလိုပါ၏လို့ မတောင်းရဘူးတဲ့ ပေးရပါလို၏ သာဆုတောင်းတဲ့။ ဘာလို့ လဲဆိုတော့ မင်းမှာရှိမှ ပိုမှသူများကိုလဲမျှဝေနိုင်မှာတဲ့ ကိုကလိုချင်တယ်ဆိုတာ ကို့ မှာမရှိလို့ တဲ့လေ။ အဓိပါယ်လဲ တော်တော်လေး ကိုကောင်းတာပါ။
အဲ့ချိန်က စပြီး ကျွန်တော်လဲ ပေးရပါလို၏ လို့ ပဲဆုတောင်းမိတော့တယ်။ တကယ်လဲပေးချင်စိတ်တွေ ပေါ်ခဲ့မိပါတယ်။ လူဆိုတာစိတ်ထားတတ်ဖို့ ပဲလိုတာပါ။ လိုချင်တဲ့စိတ် ဟာလောဘပါ။ ပေးလှူချင်တဲ့စိတ်ကတော့ ဒါနပေါ့။ တနည်းအားဖြင့် လောဘကိုလျော့စေတာပါ။ လောဘဆိုတာ အားလုံးလဲသိပြီးတဲ့အတိုင်း ပူလောင်လှပါတယ်။ ရလိုတဲ့စိတ်များလေလေ ပူလောင်လေပါ။ ငါ့မှာမရှိပါလား ဆိုတာထက် ငါမှာရှိတဲ့ထဲက ဘာပေးရင်ကောင်းမလဲစဉ်းစား ကြည့်လိုက်တာနဲ့  ခံစားရတာခြင်းမတူတော့ပါဘူး။ အရမ်းကိုအေးချမ်းတာလေ။ ခံစားဖူးရင်သိကြမှာပါ။ ဒါကြောင့်သူငယ်ချင်းတို့ ကိုတိုက်တွန်းချင်တာက ဆုတောင်းမမှားမိဖို့ ပါ။ ရင်ထဲက အမောတွေလဲပြေစေချင်တာပါ။ စိတ်ထားတာမှန်ခဲ့ ရင်လောကကြီးကပျော်စရာပါနော်။
စိတ်ထားမြင့်တဲ့သူများဖြစ်စေချင်ကြောင်းပါ။ ။
(ChOcOlAtE)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment