
မင်းရဲ့ မျက်ဝန်းတွေကနူးညံ့နေတယ် မင်းချစ်တဲ့သူအပေါ်နံနက်ခင်းနေခြည်လိုနွေးထွေးမှုတွေပေးဖို့ ပေါ့ မင်းရဲ့ အပြုံးတွေကတောက်ပနေတယ် မင်းချစ်တဲ့သူအတွက်လေပြေလိုလန်းဆန်းမှုတွေပေးဖို့ ပေါ့ မင်းရဲ့စကားတွေကချိုသာလွန်းတယ် မင်းချစ်တဲ့သူအတွက်ရှေ့ ဆက်ဖို့ ခွန်အားတစ်ခုဖြစ်စေတာပေါ့ မင်းရဲ့ အနမ်းတွေကသိမ်မွေ့ လွန်းတယ် မင်းချစ်တဲ့သူရင်ထဲအထိအချစ်တွေစီးဆင်းပျော်ဝင်သွားစေဖို့ ပေါ့ ဒါပေမဲ့ အရာရာအားလုံးကိုယ့်အတွက်မှမဟုတ်တာ အေးစက်စက်မျက်ဝန်းတစ်စုံရယ် မဲ့တဲ့တဲ့အပြုံးယဲ့ယဲ့ရယ် ဆတ်တောက်တောက်စကားသံတွေရယ် အသက်မပါတဲ့အနမ်းတွေရယ် ဒါတွေကသာကိုယ့်အတွက်မူပိုင်တွေပေါ့ ချစ်တဲ့သူရယ် စာနာပါလို့ လဲမပြောချင်ခဲ့ပါဘူး ညှာတာပါလို့ လဲအသနားမခံချင်တော့ပါဘူး မင်းပေးသမျှနဲ့ သာကျေနပ်နေတတ်ခဲ့တဲ့ဘ၀ပါ ချစ်တဲ့သူရေ မင်းသာကျေနပ်မယ်ဆို တခြားရင်ခွင်သွားဖို့ တောင် ကိုယ့်ကိုယ်ကိုတံတားခင်းပေးလိုက်ချင်ပါတယ် မင်းနင်းသွားရက်ရင်နင်းသွားနိုင်အောင်လို့ ပေါ့ မင်းနင်းလို့ ကျေမွသွားတဲ့အသည်းကိုပိုက်ရင်း မင်းနောက်ကျောလေးကိုငေးကြည့်နေခွင့်တော့ နောက်ဆုံးပေးခဲ့ပါချစ်သူ..........
(ChOcOlAtE)
No comments:
Post a Comment