Thursday, 9 April 2009

ကိုးကွယ်ခြင်းဟူသည်

ကိုးကွယ်မှုအဓိပါယ် လူ့ သမိုင်းဆရာတို့ ၏ အဆိုအရ လူသည်ခြေသလုံးအိမ်တိုင်ဘ၀မှ တဖြည်းဖြည်း ချင်း ယဉ်ကျေးလာပြီး အစုအသင်းနှင့် နေတတ်လာသူများ ဖြစ်သည်ဟု သိရ၏။ မည်သိုပင်ဖြစ်စေလူသည် ကြောက်တတ်မှု(fear)၊ ရန်လိုမှု(reward)၊ သဘောတရားများဖြင့် ဖွဲ့ စည်းထားသော သဏ္ဍန်တခုသာဖြစ်ကြောင်း ထင်ရှား၏ လူလောကကြီးတွင်လည်း ကြောက်စရာအမြောက်အမြား ရှိသည့်နည်းတူ ရယူချင်စရာများ နှင့်လည်းပြည့်နှက်လျက် ရှိသည်။ ဒီရေတက်ခြင်း၊ မီးကြီးလောက်ခြင်း၊ လေမုန်တိုင်းကျခြင်း စသောသြကာသလောက၏ ဘေးအန္တရာယ်များ၊ မြွေပွေး၊ သစ်၊ ကျား၊ ဆင်ရိုင်းဘေး၊ မချစ်မနှစ်သက်သူဘေး စသော သတ္တလောက၏ ရန်ပြုမှုများနှင့် နာဖျားမကျန်းမာ၊ အိုနာသေရ ဘေးဒုက္ခများ၏ နှိပ်စက်ကလူ ပြုမှုကို လူသားသည် အလူးအလဲခံနေရသည်သာ ဖြစ်၏။ ဤသို့ သော ဘ၀ဒုက္ခ အန္တရာယ်များ၏ လှုံ့ ဆော်ဖန်တီးမှုကြောင့် လူသားသည် ကြောက်တတ်လာ၏။ ထိုဘေးဆိုး၊ ဒုက္ခဆိုးတို့ မှ ကင်ငြိမ်းမှုကို လိုလားလာကြသည်။ ကိုးကွယ်ရာကိုရှာဖွေလာကြသည်။်ဘေးရန် အန္တရာယ်အမျိုးမျိုးကို စိုးရွံ့ ကြောက်လန့် နေကြကုန်သောလူတို့ သည် တောတို့ ကိုလည်းကောင်း၊ တောင်တို့ ကိုလည်းကောင်း၊ အာရာမ်တို့ ကိုလည်းကောင်း၊ အဓိကသစ်ပင် စသော ကိုးကွယ်ရာတို့ ကိုလည်းကောင်း ကိုးကွယ်ကြကုန်၏။ ဟု မြတ်ဗုဒ္ဒကဟေကြားခဲ့၏ ပင်လယ်သမုဒ္ဒရာတို့ တွင် အသက်မွေးမှုပြုကြ သူတို့ သည် သမုဒ္ဒရာစောင့်နတ်များကို ကိုးစားကြသည့်နည်းတူ တောရပ်ဒေသတွင် လုပ်ကိုင်စားသောက်ကြသူတို့  ကလည်း တောတောင်ဥယျာဉ် စသည်တို့ ကို ပူဇော်ကြသည်။ ထို့ ပြင်ကောက်ပင် စိုက်ပျိုး အောင်မြင်လိုမှုအတွက် မိုးနတ်စသည်တို့ ကိုပသ ကြ၏။ သားဆုပန်ရန် တောစိုး သစ်ပင်ကြီးများတွင် ရှိမည်ထင်သော နတ် တို့ ကို တင်မြှောက်ကြသည်။ ဤသည်တို့ မှာ ထိစဉ်ကကမ္ဘာလူသား အားလုံးလိုလိုနှင့် သက်ဆိုင်သော ကိုးကွယ်မှုများဖြစ်သည်။ ကိုးကွယ်မှုအစ၊ ကိုးကွယ်မှု၏ အဓိပါယ်ဟု ဖော်ပြအပ်သည်။ ကိုးကွယ်ရာနှင့်မကိုးကွယ်ရာ ဗုဒ္ဒမြတ်စွာ ပွင့်ထွန်းတော်မူလာပြီး နောက် မကိုးကွယ်ရာ နှင့် ကိုးကွယ်ရာကို ခွဲခြားဟောကြားခဲ့ပါသည်။ မြတ်ဗုဒ္ဒ မိန့် ခဲသည်မှာ " ဤတောတောင် အာရာမ် အဓိကသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည် ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ဆည်းကပ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်" ဟူ၍ဖြစ်သည်။ `ဤသို့  ရှင်းလင်းထင်ရှားစွာ ဟောကြားခဲသည့် တရာတော်အရ မကိုးကွယ်ရာကို အတိအကျ သိရှိကြရသည်။ ကိုးကွယ်ရာနှင့်ပတ်သက်၍လည်း မြတ်စွာဘုရားသည် "အကြင်သူသည် မြတ်စွာဘုရားကိုလည်းကောင်း၊ တရားတော်ကိုလည်းကောင်း၊ သံဃတော်ကိုလည်းကောင်း ကိုးကွယ် ဆည်းကပ်၏။ ထိုသူသည် ဆင်းရဲအမှန် "ဒုက္ခသစ္စာ"၊ ဆင်းရဲခြင်း၏ အကြောင်းရင်းအမှန် "သမုဒယသစ္စာ"၊ ဆင်းရဲလွတ်မြောက်ရာအမှန် "နိယောဓသစ္စာ"၊ ဆင်းရဲငြိမ်းရာ နိဗ္ဗာန် သို့ ရောက်ကြောင်းအမှန် "မဂ္ဂသစ္စာ" ဟူသော အရိယသစ္စာလေးပါး တို့ ကိုမဂ်ပညာ ဖြင့်ကောင်းစွာ မြင်နိုင်၏။ ဟု အကျယ်တ၀င့် ဟောကြားညွှန်ပြတော်မူခဲသည်။ ကိုးကွယ်မှားအပြစ်၊ ကိုးကွယ်မှန်အကျိုး မြတ်စွာဘုရားသည် မြတ်သောကိုးကွယ်ခြင်း မဟုတ်လျှင် မည်သို့ မည်ပုံ အပြစ် ကျရောက်နိုင်ကြောင်း ဟောကြားခဲ့ပါသေးသည်။ု မြတ်ဗုဒ္ဒဟောကြားခဲ့သည်မှာ "ဤတောတောင် အာရာမ် အဓိကရသစ်ပင် စသော ကိုးကွယ်ရာ ဟူသမျှကို ကိုးကွယ်ခြင်းသည်ဘေးကင်းသော ကိုးကွယ်ခြင်း မဟုတ်၊ မြတ်သောကိုးကွယ်ခြင်း မဟုတ်၊ ဤကိုးကွယ်ရာဟူသမျှကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှ မလွတ်မြောက်နိုင်" ဟူ၍ဖြစ်ပါသည်။ ထို့ ကြောင့်လူတို့ သည် ကိုးကွယ်မှုမှားလျှင် ဒုက္ခခပ်သိမ်းမကင်းငြိမ်းနိုင်ပဲ သံသရာ ၀ဲသြောဃ အတွင်းတ၀ဲလည်လည် ကျင်လည်ကျက်စားနေရမည် သာဖြစ်ပေသည်။ ကိုးကွယ်မှုမှန်လျှင် အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်းကို ဗုဒ္ဒမြတ်စွာသည် ဤသို့ ဟောကြားတော်မူခဲ့ပါသည် "ဤရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်ခြင်းသည် ဘေးမရှိသော ကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ မြတ်သောကိုးကွယ်ဆည်းကပ်ခြင်းမည်၏။ ဤရတနာသုံးပါးကို ကိုးကွယ်ခြင်းကြောင့် ဒုက္ခခပ်သိမ်းမှလွတ်မြောက်၏။" ထို့ ကြောင့်လူတို့ သည် ကိုးကွယ်မှုမှန်လျှင် ဒုက္ခခပ်သိမ်းကင်းငြိမ်းပြီး လူချမ်းသာ၊ နတ်ချမ်းသာ၊ ဗြဟ္မာချမ်းသာ များကိုရရှိ နိုင်ယုံမျှမက မဂ်ဖိုလ် နိဗ္ဗာန် သို့ တိုင်မြတ်မှောက်ပြုနိုင် ပါကြောင်းရေးသားဖော်ပြအပ်ပါသည်။ (ဗုဒ္ဒဘာသာကောင်း တစ်ယောက်စာအုပ်မှကူးယူတင်ပြအပ်ပါသည်) (ChOcOlAtE)

No comments:

Post a Comment