Thursday, 9 April 2009

အချိန်နဲနဲပေးပါ

မင်းကမေးတယ်တကယ်လားတဲ့
ငါရင်ကိုခွဲတို့ ၊ နှလုံးသားကိုဆွဲထုတ်ပြမယ်တို့ ၊
ကြိမ်ပြရမလားတို့  ငါမှမပြောတတ်တာ
ငါစာမဖွဲ့ တတ်ဘူး ၊ မတင်စားတတ်ဘူး ငါရိုးသားခဲ့ပါတယ်
ငါဟာပျော်တတ်တယ်
ငိုတတ်တယ် ၊ ခံစားတတ်တယ် မုန်းတတ်တယ် ၊ ချစ်တတ်တယ်
ငါဟာလူတယောက်ပါ
ငါကကဗျာဆရာလဲမဟုတ်ရပါဘူး
အချစ်ပါရဂူလဲမဟုတ်ရပါဘူး
အဲ့လိုပဲသချာင်္ပညာရှင်လဲမဟုတ်ခဲ့ဘူးလေ
ငါဘယ်လိုသက်သေပြရမလဲ
စကားလုံးနုနုတွေကိုဘယ်လိုပြောရမလဲ
ငါမှမပြောတတ်တာ
ဘာကိုမှလုပ်မယူတတ်ဘူး
ဒါကြောင့်ငါ့ကိုအတယ်လို့ တောင်ပြောကုန်ကြပြီ
ရင်ထဲကစကားတွေကိုငါဘယ်လိုမုသားသုံးရမလဲ
ကျန်တာတွေတော့ငါညာတတ်ချင်ညာတတ်မယ်
ငါ့ကိုငါမညာတတ်ဘူး
လုပ်ယူမှရတာဆိုလဲငါမလိုချင်ပြန်ဘူး
ငါဘယ်တော့မှအတုတွေမသုံးဘူး
ရေမွှေးတောင်အတုဆိုရင်အနံပျယ်လွယ်တာလေ
ဘာလုပ်မှာလဲနော်
မုသားဆိုတာပြောရလွယ်သလောက်ခံရခက်တာငါလဲအသိပါ
ငါကြိုက်တာပဲငါလုပ်ပါရစေလား
ငါမကြိုက်တာမင်းလဲမကြိုက်ဘူးဆိုတာသိနေတာက
ကိုယ်ချင်းစာတာတဲ့လား
အမှန်ပြောရရင်ငါကိုယ်ချင်းမစာတတ်ပါဘူး
မင်းမကြိုက်ဘူးထင်လို့ ငါမလုပ်ခဲ့တာတွေပါ
မင်းမကြိုက်တာဆိုရင်ငါမလုပ်ရဲတာသတ္တိကြောင်တယ်လို
့ပြောချင်ကြသေးလား
မင်းလိုချင်တာဆို ကြယ်ကြီးခြွေပြမယ် တောင်ကြီးဖြိုပြမယ်ဆိုတဲ့ ယုံတမ်းစကားတွေကောမင်းကကြိုက်အုံးမှာတဲ့လား
ဒါတွေကပဝေသနီကလိမ်စဉ်ကြီးတွေပါကွာ
မဖြစ်နိုင်တာတွေပြောမှနီးရမယ်ဆိုလဲပြောနော်
ငါကမ္ဘာလိမ်နည်းများကျမ်းကိုရှာရအုံးမယ်
အချိန်တော့ပေးစေချင်ပါတယ်..............။
(ChOcOlAtE)

No comments:

Post a Comment