
မင်းမှာခိုလှုံစရာမရှိတော့ရင်
မင်းသာအားငယ်နေမယ်ဆိုရင်
မင်းသာလောကကြီးရဲ့အဝေးတနေရာကိုပြေးထွက်မယ်ဆိုရင်
ပြေးမယ့်ပြေးငါ့ရင်ခွင်ကိုသာပြေးလာခဲ့ပါ
နင့်တွက်နေရာအမြဲချန်ထားတာ
အဲ့တော့မှနင်သိလိမ့်မယ်လေ
ပြီးမှကျယ်လွန်းတဲ့ရင်ခွင်မှာမပျော်ဘူးလို့ တော့မပြောနဲ့ နော်
ငါ့ရင်ခွင်ဟာမင်းတွက်တော့ကျယ်ခဲ့ရင်တောင်
ပြည့်စုံမှူတွေအပြည့်ထည့်ထားလို့ ကျဉ်းနေမှာပါ
အဲ့ထဲမှာအချစ်တွေနဲ့ အကြင်နာတွေက သုံးပုံ နှစ်ပုံပေါ့
ဒါမှကျဉ်းသေးရင်လဲ ငါ့ရင်ကိုခွဲလို့ ထွက်ချင်ရင်တောင်
ဓါးကမ်းပေးမယ့်လက်ဟာ ငါကိုယ်တိုင်ပါ
(ChOcOlAtE)
No comments:
Post a Comment