Friday, 17 April 2009

ငါ့နတ်သမီး




နင်မျက်တောင်လေးတစ်ချက်ခတ်လိုက်ရုံနဲ့  ငါ့ရဲ့ ကမ္ဘာကြီးပြောင်းလဲသွားခဲ့တယ်
ငါငြင်းမရတာတာတစ်ခုတော့ရှိရဲ့ 
နင်ကငါ့ရဲ့ ခံစားချက်ဝိဥာဉ်ကိုအဆိုးဆုံးအနေထားကနေအကောင်းဆုံးအနေထားဖြစ်စေခဲ့တယ်ဆိုတာပါ
ဒါကြောင့်နင့်ကိုငါ တန်ဖိုးထားရပါတယ် ငါ့ရဲ့ နတ်သမီးလေးရေ။

နင်ကသာငါ့အတွက်ဘာလုပ်ပေးခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်ကိုမသိတာ
ငါ့ကိုစိတ်ခွန်အားတွေပြည့်ဝလာအောင်နင်လုပ်ပေးခဲ့တာလေ
နင်ကတကယ်တော့မိုးကောင်းကင်ကကျလာတဲ့နတ်သမီးလေးလိုပါပဲ
ငါ့ကိုအချစ်ရေစင်တွေဖြန်းပက်ပေးခဲ့တာလေ။

နင်သာငါ့အနားမှာရှိရင်ငါမျက်ရည်တစ်စက်တောင်ကျဖြစ်မှာမဟုတ်ပါဘူး
နင့်လက်ကလေးကိုင့ါပခုံးပေါ်တင်လိုက်ရုံနဲ့ တင်လောကကြီးကိုမကြောက်တော့ပါဘူး
ကျေနပ်စွာအသက်ရှင်နေနိုင်အောင်နင်ကငါ့ကိုအသက်ပြန်သွင်းပေးခဲ့တာလေ
နင့်အပြုံးတစ်ချက်တွေ့ မြင်လိုက်တိုင်း ငါ့ဘ၀ကအရောင်ပိုတောက်ခဲ့တာပါ။

နင်ငါ့ကိုမှော်ပညာနဲ့ များပြုစားထားသလားကွယ်
ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ယုံကြည်ချက်တွေကိုတောင်ပြန်ယူဆောင်လာပေးလို့ လေ
အခုတော့ငါ့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ
နင့်အချစ်တွေရကတည်းကပေါ့။

ငါရှာဖွေနေတဲ့အရာကိုလဲတွေ့ ခဲ့ပါပြီ
အဲဒါကနင်လေ ပြီးတော့နင့်အချစ် ဒါ့အပြင်တော့ငါဘာမှမလိုအပ်တော့ပါဘူး
ဘာကြောင့်လဲဆိုတော့နင့်အချစ်တွေက ရောင့်ရဲတင်းတိမ်မှုကိုဖြစ်စေတယ်လေ
ဘ၀မှာတစ်ခါမှမရခဲ့ဘူးတဲ့အချစ်ပါ။

ဒီအကြောင်းတွေကိုတစ်နေကုန်ထိုင်ပြောချင်ပါတယ်
ဒါပေမဲ့ပြောလို့ ကုန်မှာမဟုတ်ဘူး
ဒီတော့တစ်ခုပဲပြောချင်ပါတယ် နင်မြင်နေရတာထက်နင့်ကိုငါပိုချစ်ပါတယ်
နင်မျက်လုံးနဲ့ ကြည့်တာထက် နှလုံးသားနဲ့ ကြည့်တာကပိုမြင်ရပါလိမ့်မယ်။
( ChOcOlAtE )

No comments:

Post a Comment