Thursday, 9 April 2009
ဗုဒ္ဓဘာသာတယောက် ယုံကြည်လက်ခံရမည့် အချက်များ
လူတဦးတစ်ယောက်သည် ဗုဒ္ဓဘာသာနှင့် စပ်လျဉ်း၍ ယုံကြည်ရမည့် အချက်များကို ယုံကြည်ပါမှ ဗုဒ္ဓဘာသာ တယောက် ဖြစ်နိုင်၏။ ထို့ ကြောင့်ဗုဒ္ဓဘာသာဝင် ဖြစ်လိုသူများအတွက် ယုံကြည်ရမည့် အချက်များမှ လိုရင်းအချက်မျှကို ရွေးနှုတ်ဖော်ပြပါမည်။ ဗုဒ္ဓဘာသာဝင်တယောက်သည် ဘုရား၊တရား၊သံဃာဟူသော ရတနာသုံးပါးကိုယုံကြည်ရန် အရေးကြီးလှ၏ " ဘုရားအစစ်ဟုတ်ရဲ့လား၊ တရား ကကောမှန်ရဲ့လား" စသည်ဖြင့်သံသယမပွားသင့်ပေ။ ရတနာသုံးပါးတွင် ဂုဏ်တော်များအသီးသီးရှိ၏။ ယင်းဂုဏ်တော်တို့ ကို ဆင်ခြင်သိမြင်၍ ရတနာသုံးပါးကို သံသယကင်းစွာ ယုံကြည်ရမည်ဖြစ်သည်။ ထို့ ပြင်ဗုဒ္ဓဘာသာဝင်တယောက်သည် ကုသိုလ်ကံ၊ အကုသိုလ်ကံနှင့် ယင်းကံတို့ ၏ကောင်းကျိုးဆိုးကျိုးကို လည်းကောင်း၊ ပစ္စုပ္ပန် လောကနှင့် တမလွန်လောကကိုလည်းကောင်း ယုံကြည်ရအုံး မည်ဖြစ်သည်။ ယင်းတို့ ကိုမယုံကြည်ပဲ "ဤဘ၀နှင့် ဤဘ၀ပြုပြု သမျှ ကုသိုလ်အကုသိုလ်များသည် သေလျှင်ပြတ်၏။ နောက်ဘ၀အတွက် အကျိုးဆက်မရှိ" ဟုလက်ခံ ယုံကြည်မှုကို "ကင်းပြတ်ဝါဒ" (ဥစ္ဆေဒဒိဌိ) ဟုခေါ်ပါသည်။ အယူမှားမိစ္ဆာ ဒိဌိတမျိုးပင်ဖြစ်သည်။ ထိုသို့ ရတနာသုံးပါး၊ ကံကံ၏အကျိုး၊ သံသရာလည်တတ်ပုံ တို့ ကိုယုံကြည် လက်ခံမှသာ ဗုဒ္ဓဘာသာဝင် စစ်စစ် တယောက်ဖြစ်နိုင်ပေမည်။ (ဗုဒ္ဓဘာသာကောင်းတယောက်စာအုပ်မှကောက်နှုတ်တင်ပြလိုက်ပါသည်ခင်ဗျား) (ChOcOlAtE)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment