Thursday, 9 April 2009

online နဲ့ ပတ်သက်တာလေးပါ

ကျွန်တော်ထင်တာလေးတခုပြောချင်လို့ ပါ။ သူငယ်ချင်းတို့ မှာ ရည်းစားထားဖူးတဲ့ သူတွေလဲရှိသလို ထားနေဆဲသူတွေလဲရှိမှာပါ။ မထားဖူးရင်လဲ ကျွန်တော်စာလေးကိုခံစားကြည့်လို့ ရမှာပါ။ ပြောချင်တာကဒီလိုပါ။ ကောင်လေးနဲ့ ကောင်မလေး အရင်ဆုံး ကောင်လေးကနေစလိုက်တာ များမယ်နော်။ ကောင်မလေးကနေစလိုက်တာ ရှိတော့ရှိမှာပါ ရှားလိမ့်မယ်ထင်တယ်။ ဘယ်လိုပဲလိုက်ကြပါ ရည်းစားတွေ၊ ချစ်သူတွေဖြစ်သွားကြပြီထားပါတော့။ အတွဲတော်တော်များများ မှာရည်းစားမဖြစ်ခင်သာလေ့လာကြတာ။ အတွဲဖြစ်သွားရင် လေ့လာဖို့ အချိန်သိပ်မရတော့ဘူး။ ဘာလို့ လဲဆိုတော့ အထိအတွေ့ မှာနစ်မျောကြတာများတယ်။ တူတူချိန်းပြီးရင် အစပိုင်းတော့ဟုတ်တော့မလိုနဲ့ နောက်ပိုင်းမှာ အထိအတွေ့ ကိုဦးစားပေးကြတာပါပဲ။ ကောင်လေးကကြိုးစား ကောင်မလေးကငြင်းနဲ့ ပေါ့။ အဲ့တော့လိုအပ်တာတွေ ကိုမလေ့လာဖြစ်တော့ဘူး။ မပြောဖြစ်ကြတော့ဘူး။ ရီးစားနဲ့ ချိန်းတွေတယ် အကြိမ်ရေများတယ်ပေါ့။ ဒါပေမယ့်ကောင်လေးရဲ့အကြောင်း ကောင်မလေးရဲ့အကြောင်း ကိုသိပ်မသိကြတဲ့ သူတွေများလိမ့်မယ်။ တကယ်လို့ ယူပြီးသွားကြမှတာ ဟာသူကဒီလိုပါလားဆိုပြီးသိသွားရင် ဘယ်ကောင်းမလဲနော်။ မလိုလားအပ်တဲ့ပြသနာတွေဖြစ်လာတတ်တယ်လေ။ ဒါကြောင့် ကြိုပြီးလေ့လာထားသင့်တယ်။ ဒီနေရာမှာပြောချင်တာ။ online မှာချစ်သူတွေဖြစ်ကြရင် တယောက်ကိုတယောက်မတွေ့ ဖူးပေမယ့် လေ့လာဖို့ အချိန်တွေအများကြီးရတယ်ဆိုတာပဲ။ ပိုပြီးလဲရင်ခုန်ဖို့ ကောင်းပါတယ်။ မတွေ့ ဖူးတော့ သူလေးကဘယ်လိုများ ပါလိမ့် ဆိုပြီးရင်ခုန်ရတယ်။ နောက်ပြီးမလိုလားအပ်တဲ့ထိတွေ့ မှုတွေ သိပ်မရှိဘူးလေ။ မိန်းကလေးတွေအတွက်တော့ အလွန်ကောင်းပေါ့။ ကောင်လေးတွေကတော့ ဘယ်ကောင်းမလဲနော်(ဟဲ ဟဲ)။ ကိုယ်ချစ်တဲ့သူကို လက်တွဲဖို့ ဖြစ်နိုင်မဖြစ်နိုင် စကားတွေအများကြီးပြောပြီးလေ့လာ လို့ ရတယ်။ စကားဆိုတာလိမ်လို့ ရတာ အားလုံးသိမှာပါ။ ဒါပေမဲ့ စကားဆိုတာပြောပါများရင် ဇာတိကတော့ပြတတ်ကြတာပဲလေ။ ဒါကိုအတွေ့ အကြုံနဲ့ ကောင်းကောင်းလေ့လာလို့ ရပါတယ်။ သူကစကားနိုင်လုလိုက်ကိုကစကားနိုင်လု လိုက်နဲ့ တကယ်ပျော်စရာပါ။ ချစ်သူရဲ့အရည်အသွေး ကိုကောင်းကောင်းလေ့လာလို့ ရတယ်။ သူကဘယ်လိုလူလဲ ဘာတွေကြိုက်လဲ။ ဘယ်လိုတွေပြောတတ်လဲ။ ဘယ်လိုအတွေးအခေါ်တွေရှိလဲ ဆိုတာကိုစကားကနေသိနိုင်ပါတယ်။ မိသားစုအကြောင်းတွေပြောကြမယ်။ အကြိုက်ခြင်းတွေဖလှယ်ကြမယ်။ အမြင်ခြင်းတွေညှိကြမယ်။ အချိန်တွေဟာကုန်မှန်းမသိကို ကုန်တော့တာ။ စကြနောက်ကြပေါ့။ တခါတခါရန်လဲဖြစ်ကြနဲ့ ။ ဒီလူတယောက်ကို့ အပေါ်မှာ ဘယ်လောက် သီးခံနိုင်လဲ။ ဘယ်လောက်အနစ်နာခံနိုင်လဲ။ ဘယ်ထိရစ်တာခံနိုင်လဲပေါ့ဗျာ။ အဲ့လိုတွေလေ့လာလို့ရတယ်။အပြင်မှာကောလေ့လာလို့ မရဘူးလို့ မပြောဘူးနော်။ တခြားကိစ္စလေးတွေနဲ့ အချိန်ကုန်တတ်ကြလို့ ပြောတာ။ online မှာလောက်စကားမပြောဖြစ်ဘူးဆိုတာတော့ သေချာပါတယ်။ တချို့ ကလဲအပြင်မှာလေ့လာ ရတာပိုကြိုက်ကြပါလိမ့်မယ်။ အနော်လဲအရင်ကအပြင်မှာပဲလေ့လာတာ(ဟီး ဟီး)။ ဆိုလိုတာက online ဆိုတာ အသုံးချတတ်ရင် တကယ်ကိုအသုံးဝင်ပါတယ်။ လူတွေကပွင့် လင်းကြတယ်။ အပြင်မှာထက်ကို ခင်မင်ရတာကို အံသြလောက်အောင်ကြုံရမယ်။ သူငယ်ချင်းတွေ ဆိုလဲ တကယ်ကိုပွင့်ပွင့်လင်းလင်းကို စကားတွေပြောကြတာလေ။ အပြင်မှာတယောက်နဲ့ တယောက် ရှိမ်နေကြတာနဲ့  စကားတွေပြောဖြစ်ကြမှာမဟုတ်ဘူးလေ။ ဒီမှာတော့မဟုတ်ဘူး သူငယ်ချင်းတွေလဲသူငယ်ချင်းတွေလို ချစ်သူတွေကလဲချစ်သူတွေအလျောက် တကယ်ကိုပွင့်ပွင့်လင်းလင်းပြောဖြစ်ကြတာ။ တကယ်တော့ online ဆိုတာ ဆက်သွယ်ရေးကွန်ယက် တခုပါ။ လူတွေအတွက် အရမ်းကိုအဆင်ပြေစေတဲ့ ဆက်သွယ်ရေးတခုပေါ့။ နှုတ်တရာစာတလုံးတဲ့။ စာရိုက်ပြောရတာ တကယ်ကိုလေးနက်ပါတယ်။ နောက်ပြီးပြောခဲ့တဲ့စကားတွေကိုမေ့စရာအကြောင်းမရှိဘူး မေ့ရင်ပြန်ဖတ်လို့ ရတယ်လေ။ ပြောပြီးခဲ့တဲ့စကားတွေကို ပြန်ကြည့်ရင် အော်အဲ့တုန်းက ငါမှားသွားပဲ။ သူကအဲ့လိုမပြောသင့်ဘူးဆိုပြီး။ နားလည်မှုတွေပိုတောင် ခိုင်မြဲပါသေးတယ်။ ပြောချင်တာလေးတွေကိုသူငယ်ချင်းတို့ သဘောပေါက်မယ်ထင်တာပဲ။ online ကိုကောင်းတယ်မကောင်းဘူး မဝေဖန်ချင်ပါဘူး။ လိုရင်လိုသလိုတော့ အကျိုးရှိအောင်အသုံးပြုလို့ ရတယ် ဆိုတာပြောချင်တာပါ။ သူငယ်ချင်းတို့ လဲစစ်မှန်တဲ့ စေတနာတွေ မေတ္တာတွေရကြပါစေနော် :D (ChOcOlAtE)

No comments:

Post a Comment