ပေးဆပ်ခြင်းနဲ့ ရယူပိုင်ဆိုင်လိုခြင်း ကိုသင်တို့ ဘယ်လိုခံယူထားကြပါလဲ။
ကျွန်တော်ကတော့ငယ်ငယ်က ရယူခြင်းကိုပဲ ကြိုက်နှစ်သက်ခဲ့တာပါ။
ငယ်ငယ်က အိမ်ကိုအမျိုးတွေလာရင် ကျွန်တော့်မိဘတွေက ကျွန်တော့်ရဲ့ ၀မ်းကွဲ မောင်နှမတွေကို
ပြန်ရင်မုန့် ဖိုးတွေပေးတတ်ကြတယ်လေ။ ကျွန်တော်တော့ တခါမှ အမျိုးတွေဆီက မုန့် ဖိုး မရခဲ့ဖူးဘူး။
ဒါကိုငယ်ငယ်က တော်တော် မကျေနပ်ဖြစ်ခဲ့မိတာ။
၉တန်းနှစ် လောက်ကျတော့ အကိုလိုလဲခင်နေတဲ့ ဂိုက်ဆရာလဲ ဖြစ်တဲ့အကို ကြီးကိုပြောပြမိတယ်လေ။ ကျွန်တော်ကျတော့ တခါမှမရဖူးဘူးပေါ့။ မတရားလိုက်တာပေါ့လေ။
ဒါနဲ့ သူကပြန်ပြောပြတဲ့အကြောင်းအရာလေးကြောင့် ကျွန်တော်လဲ အယူတွေပြောင်းခဲ့ရပါတယ်။ တကယ်လဲလေးနက်လို့ ကျွန်တော်ဘ၀တလျောက်လုံးလဲ ကျင့်သုံးခဲ့ပါတယ်။
သူပြောခဲ့တဲ့စကားလေးကို ရင်ထဲစွဲသွားအောင်ကိုမှတ်ခဲ့မိတာပါ။
ဘာတဲ့လဲဆိုတော့ ဟေ့ကောင်ရ ဘယ်တော့မှသူများ ဆီကလိုချင်ပါ၏ ရလိုပါ၏လို့ မတောင်းရဘူးတဲ့ ပေးရပါလို၏ သာဆုတောင်းတဲ့။ ဘာလို့ လဲဆိုတော့ မင်းမှာရှိမှ ပိုမှသူများကိုလဲမျှဝေနိုင်မှာတဲ့ ကိုကလိုချင်တယ်ဆိုတာ ကို့ မှာမရှိလို့ တဲ့လေ။ အဓိပါယ်လဲ တော်တော်လေး ကိုကောင်းတာပါ။
အဲ့ချိန်က စပြီး ကျွန်တော်လဲ ပေးရပါလို၏ လို့ ပဲဆုတောင်းမိတော့တယ်။ တကယ်လဲပေးချင်စိတ်တွေ ပေါ်ခဲ့မိပါတယ်။ လူဆိုတာစိတ်ထားတတ်ဖို့ ပဲလိုတာပါ။ လိုချင်တဲ့စိတ် ဟာလောဘပါ။ ပေးလှူချင်တဲ့စိတ်ကတော့ ဒါနပေါ့။ တနည်းအားဖြင့် လောဘကိုလျော့စေတာပါ။ လောဘဆိုတာ အားလုံးလဲသိပြီးတဲ့အတိုင်း ပူလောင်လှပါတယ်။ ရလိုတဲ့စိတ်များလေလေ ပူလောင်လေပါ။ ငါ့မှာမရှိပါလား ဆိုတာထက် ငါမှာရှိတဲ့ထဲက ဘာပေးရင်ကောင်းမလဲစဉ်းစား ကြည့်လိုက်တာနဲ့  ခံစားရတာခြင်းမတူတော့ပါဘူး။ အရမ်းကိုအေးချမ်းတာလေ။ ခံစားဖူးရင်သိကြမှာပါ။ ဒါကြောင့်သူငယ်ချင်းတို့ ကိုတိုက်တွန်းချင်တာက ဆုတောင်းမမှားမိဖို့ ပါ။ ရင်ထဲက အမောတွေလဲပြေစေချင်တာပါ။ စိတ်ထားတာမှန်ခဲ့ ရင်လောကကြီးကပျော်စရာပါနော်။
စိတ်ထားမြင့်တဲ့သူများဖြစ်စေချင်ကြောင်းပါ။ ။
(ChOcOlAtE)
Friday, 17 April 2009
ဒါဟာအချစ်ပါ
မင်းကိုချစ်တဲ့ငါ့ရဲ့ အချစ်က
ဖြူစင်တယ် နက်ရှိုင်းတယ် မြဲမြံတယ်၊
အဲဒီအချစ်တွေ မင်းရဲ့ နှလုံးသားဆီအမြဲစီးဆင်းနေမယ်
ဒါကိုငါခံစားလို့ ရတယ်၊
ရိုးစင်းပြီးပရိယာယ်မပါတဲ့အချစ်သီချင်းတစ်ပုဒ်
အနုပညာမမြောက်ပေမဲ့ မင်းအတွက်ဆိုပြချင်လို့ ပါ၊
ဘယ်လောက်ချစ်တယ်ဆိုတာပြောမပြတတ်ဘူး
ဒါပေမဲ့တစ်နေ့ နေ့ တော့မင်းသိပါစေ၊
ရင်နဲ့ အပြည့်ရှိနေတဲ့ချစ်စိတ်တွေကပဲ
ငါ့ကိုရှင်သန်နေစေခဲ့တာ၊
နေမင်းကနေရောင်ခြည်ကိုပေးတယ်
ပန်းတွေကနှစ်စဉ်ဖူးပွင့်ကြတယ်ဆိုတာသဘာဝတရားပါ၊
ဒါကြောင့်ငါကလဲ လူတွေမြင်နိုင် သိနိုင် ခံစားနိုင်တဲ့နည်းနဲ့ 
အကြောင်းပြချက်မရှိချစ်နေဦးမယ်၊
သို့ ပေမဲ့လည်း.......နောက်ဆုံးတစ်ခုပြောချင်သေးတာက
ငါဒီလောက်ချစ်နေတာ မင်းသတိမပြုမိမှာစိုးရိမ်တယ်ကွာ။
ChOcOlAtE
ဖြူစင်တယ် နက်ရှိုင်းတယ် မြဲမြံတယ်၊
အဲဒီအချစ်တွေ မင်းရဲ့ နှလုံးသားဆီအမြဲစီးဆင်းနေမယ်
ဒါကိုငါခံစားလို့ ရတယ်၊
ရိုးစင်းပြီးပရိယာယ်မပါတဲ့အချစ်သီချင်းတစ်ပုဒ်
အနုပညာမမြောက်ပေမဲ့ မင်းအတွက်ဆိုပြချင်လို့ ပါ၊
ဘယ်လောက်ချစ်တယ်ဆိုတာပြောမပြတတ်ဘူး
ဒါပေမဲ့တစ်နေ့ နေ့ တော့မင်းသိပါစေ၊
ရင်နဲ့ အပြည့်ရှိနေတဲ့ချစ်စိတ်တွေကပဲ
ငါ့ကိုရှင်သန်နေစေခဲ့တာ၊
နေမင်းကနေရောင်ခြည်ကိုပေးတယ်
ပန်းတွေကနှစ်စဉ်ဖူးပွင့်ကြတယ်ဆိုတာသဘာဝတရားပါ၊
ဒါကြောင့်ငါကလဲ လူတွေမြင်နိုင် သိနိုင် ခံစားနိုင်တဲ့နည်းနဲ့ 
အကြောင်းပြချက်မရှိချစ်နေဦးမယ်၊
သို့ ပေမဲ့လည်း.......နောက်ဆုံးတစ်ခုပြောချင်သေးတာက
ငါဒီလောက်ချစ်နေတာ မင်းသတိမပြုမိမှာစိုးရိမ်တယ်ကွာ။
ChOcOlAtE
ငါ့နတ်သမီး

နင်မျက်တောင်လေးတစ်ချက်ခတ်လိုက်ရုံနဲ့  ငါ့ရဲ့ ကမ္ဘာကြီးပြောင်းလဲသွားခဲ့တယ်
ငါငြင်းမရတာတာတစ်ခုတော့ရှိရဲ့ 
နင်ကငါ့ရဲ့ ခံစားချက်ဝိဥာဉ်ကိုအဆိုးဆုံးအနေထားကနေအကောင်းဆုံးအနေထားဖြစ်စေခဲ့တယ်ဆိုတာပါ
ဒါကြောင့်နင့်ကိုငါ တန်ဖိုးထားရပါတယ် ငါ့ရဲ့ နတ်သမီးလေးရေ။
နင်ကသာငါ့အတွက်ဘာလုပ်ပေးခဲ့တယ်ဆိုတာ ကိုယ့်ကိုယ်ကိုမသိတာ
ငါ့ကိုစိတ်ခွန်အားတွေပြည့်ဝလာအောင်နင်လုပ်ပေးခဲ့တာလေ
နင်ကတကယ်တော့မိုးကောင်းကင်ကကျလာတဲ့နတ်သမီးလေးလိုပါပဲ
ငါ့ကိုအချစ်ရေစင်တွေဖြန်းပက်ပေးခဲ့တာလေ။
နင်သာငါ့အနားမှာရှိရင်ငါမျက်ရည်တစ်စက်တောင်ကျဖြစ်မှာမဟုတ်ပါဘူး
နင့်လက်ကလေးကိုင့ါပခုံးပေါ်တင်လိုက်ရုံနဲ့ တင်လောကကြီးကိုမကြောက်တော့ပါဘူး
ကျေနပ်စွာအသက်ရှင်နေနိုင်အောင်နင်ကငါ့ကိုအသက်ပြန်သွင်းပေးခဲ့တာလေ
နင့်အပြုံးတစ်ချက်တွေ့ မြင်လိုက်တိုင်း ငါ့ဘ၀ကအရောင်ပိုတောက်ခဲ့တာပါ။
နင်ငါ့ကိုမှော်ပညာနဲ့ များပြုစားထားသလားကွယ်
ငါ့ရဲ့ ပျောက်ဆုံးနေတဲ့ယုံကြည်ချက်တွေကိုတောင်ပြန်ယူဆောင်လာပေးလို့ လေ
အခုတော့ငါ့အိပ်မက်တွေတကယ်ဖြစ်လာခဲ့ပါပြီ
နင့်အချစ်တွေရကတည်းကပေါ့။
ငါရှာဖွေနေတဲ့အရာကိုလဲတွေ့ ခဲ့ပါပြီ
အဲဒါကနင်လေ ပြီးတော့နင့်အချစ် ဒါ့အပြင်တော့ငါဘာမှမလိုအပ်တော့ပါဘူး
ဘာကြောင့်လဲဆိုတော့နင့်အချစ်တွေက ရောင့်ရဲတင်းတိမ်မှုကိုဖြစ်စေတယ်လေ
ဘ၀မှာတစ်ခါမှမရခဲ့ဘူးတဲ့အချစ်ပါ။
ဒီအကြောင်းတွေကိုတစ်နေကုန်ထိုင်ပြောချင်ပါတယ်
ဒါပေမဲ့ပြောလို့ ကုန်မှာမဟုတ်ဘူး
ဒီတော့တစ်ခုပဲပြောချင်ပါတယ် နင်မြင်နေရတာထက်နင့်ကိုငါပိုချစ်ပါတယ်
နင်မျက်လုံးနဲ့ ကြည့်တာထက် နှလုံးသားနဲ့ ကြည့်တာကပိုမြင်ရပါလိမ့်မယ်။
( ChOcOlAtE )
Thursday, 9 April 2009
ရင်ခွင်မြို

မင်းအပြုံးလေးကငါ့မြို့ လေးရဲ့ နေရောင်ခြည်ပါ
အမှောင်ဖုံးတာကြာနေတဲ့ ငါ့မြို့ လေးကိုလင်းစေခဲ့လို့ ....။
မဆီမဆိုင်နဲ့  ကမ္ဘာဦးခေတ်က လူတွေ နေကိုကိုးကွယ်တာကိုတောင် ထောက်ခံမိနေတယ်
အမှောင်ခံမြို့ လေးက ခြောက်ခြားစရာအတိနဲ့ လေ
မင်းမျက်လုံးလေးတွေကတော့ ငါ့မြို့ လေးရဲ့ကြယ်လေးတွေပေါ့
သူတို့ တွေကြောင့်ငါ မြို့ လေးရဲ့အမှောင်ယံကောင်းကင်ကို သာယာစေခဲ့လို့ ....။
မင်းမျက်နှာလေးကတော့ငါ့မြို့  ရဲ့လမင်းလေးပါ
အမှောင်ကျကောင်းကင်ကို လင်းလက်စေခဲ့လို့ ....။
မင်းရီသံလေးတွေက ငါ့မြို့ ရဲ့စမ်းချောင်းလေးတွေပေါ့
စမ်းချောင်းလေးကြောင့် ငါ့မြို့ လေးအေးချမ်းစေခဲ့လို့ ....။
မင်းစကားတိုင်းဟာ ငါ့မြို့ လေးရဲ့ဦးတည်ချက်လေးတွေပေါ့
ဒီဦးတည်ချက်လေးတွေကြောင့် ငါ့မြို့ လေးယုံကြည်မှုတွေရှိခဲ့လို့ ....။
မင်းစိတ်ကောက်တာက ငါ့မြို့ လေးရဲ့မီးလင်းဖိုလေးပေါ့
အေးခဲနေတဲ့ငါ့မြို့ လေးကို အရည်ပျော်စေခဲ့လို့ ....။
မင်းအသံလေးက ငါ့မြို့ လေးရဲ့လေပြည်တွေပေါ့
ဒီလေပြေလေးတွေကြောင့် ငါ့မြို့ လေးလတ်ဆတ်စေခဲ့လို့ ....။
မင်းသာဒီမြို့ လေးထဲမှာလာနေမယ်ဆိုရင် သစ္စာရှိကိုယ်ရံတော်လုပ်ချင်ပါတယ်။
အလည်လာတာဆိုရင်လဲ ငါမြို့ လေးကပျော်နေမှာပါ။
ကြိုဆိုပါတယ်ကောင်မလေးရေ ဆိုတဲ့ဆိုင်းဘုတ်အောက်မှာစောင့်နေမယ်နော်။
(ChOcOlAtE)
အင်္ဂါမစုံတဲ့ကောင်းကင်
ဖေဖေဖျော်ထားတဲ့ ကော်ဖီကို
မေမေ၀ယ်ထားတဲ့ မုန့် ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့ 
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။
လူစုံအောင်စောင့်တတ်တဲ့ မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
် ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။
မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို ဘယ်လိုမှမကုနိုင်ပါဘူး ...။
မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။
အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ .......
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
(ကဗျာဆရာနာမည်မသိပါ။ကောင်းလွန်းလို့ မျှဝေလိုက်တာပါခင်ဗျား။) (ChOcOlAtE)
မေမေ၀ယ်ထားတဲ့ မုန့် ဟင်းခါးနဲ့သောက်ရင်း
မြေသင်းနံ့တွေတဝေေ၀နဲ့ 
ငါ့ရဲ့နံနက်ခင်းတွေ
တစ်ခါကလှခဲ့ဖူးတယ် ...။
လူစုံအောင်စောင့်တတ်တဲ့ မိသားစုထမင်းဝိုင်းတွေ
ဘယ်လောက် ခြောက်သွေ့တိတ်ဆိတ်နေမလဲနော်
် ပြန်လာချင်ပေမယ့် ...
ဘယ်အရာက ငါ့ကိုပြန်ခေါ်နိုင်မှာလဲ ...။
မပျော်ဘူးချစ်သူ ...
ငါ့နေ့ရက်တွေ မလှပခဲ့တာကြာပေါ့
တိုးတက်ခေတ်မီတဲ့ ပထမနိုင်ငံတစ်ခု
ငါ့စိတ်ဒဏ်ရာတွေကို ဘယ်လိုမှမကုနိုင်ပါဘူး ...။
မိုးထိမြင့်တိုက်ခန်းတွေထဲက
လူနေမှုအဆင့်အတန်းတွေ
ဘယ်လောက်အထိမြင့်နေမှာလဲ
မျက်ဝန်းဖြူဖြူတွေထဲက
အရိုးသားဆုံးကွက်လပ်တွေနဲ့
ငါ ဘယ်လိုမှ လဲလှယ်မကျေနပ်နိုင်ခဲ့ဘူး။
အဆင်ပြေခြင်းတွေက
နှလုံးသားရဲ့ အပြင်ဘက်မှာ
အင်္ဂါမစုံစွာနဲ့ လှလို့ ပလို့ .......
ချစ်သူရေ ...
ငါ့ကိုပြောပါ ငါ့ကိုပြောပါ
တစ်ခြမ်းပဲ့နေတဲ့ ဘ၀အဓိပ္ပါယ်တွေ
ငါတို့ဘယ်လိုပြန်ဆက်ယူနိုင်မလဲဆိုတာလေ ...။ ။
(ကဗျာဆရာနာမည်မသိပါ။ကောင်းလွန်းလို့ မျှဝေလိုက်တာပါခင်ဗျား။) (ChOcOlAtE)
Subscribe to:
Posts (Atom)